Monday, April 1, 2013

Windows Phone ပေါ်ကနေ ဓာတ်ပုံ၊ ဗီဒီယိုကို Text Message ပေါ်ကနေဝေမျှပုံ



Windows Phone အသုံးပြုသူတွေ Windows Phone ပေါ်ကနေ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို Text Message ပေါ်ကနေ သင့်သူငယ်ချင်းအပေါင်းအသင်းတွေဆီ ဝေမျှပေးပို့ချင်တယ်ဆိုရင် ပေးပို့ နိုင်ဖို့အတွက်နဲ့ သင်ရောက်ရှိနေတဲ့နေရာကို သင့်သူငယ်ချင်းမိတ်ဆွေတွေသိစေဖို့အတွက် လုပ်ဆောင်နိုင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Windows Phone ပေါ်ကနေ သင်ရောက်နေတဲ့နေရာကို သင့်သူငယ်ချင်းအပေါင်းအသင်းတွေ သိစေချင်တယ်ဆိုရင် Text Message ပေါ်ကနေ Location ကိုသိစေဖို့အတွက် ပထမဆုံး Message ကို အရင်ဖွင့်လိုက်ပါ။ Message Box ထဲရောက်သွားပြီဆိုရင် Attach ပုံပါတဲ့ Button လေးကို နှိပ်လိုက်ရမှာဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် My Location ဆိုတဲ့ Button လေးကို ရွေးချယ်ပြီးနှိပ်ရပါမယ်။ My Location ကိုနှိပ်လိုက်ပြီဆိုရင် မြေပုံလေးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီမြေပုံလေးမှာ သင်ရောက်ရှိနေတဲ့ နေရာကို Location Point လေးပြပြီး Message ကို ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ပို့ဆောင်နိုင်ဖို့ ဆိုရင်လည်း Windows Phone ပေါ်က Message ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ ပြီးသွားပြီဆိုရင် သင်ပေးပို့မယ့်လူရဲ့ Message Box ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ Message Boxထဲကိုရောက်သွားပြီဆိုရင် Attach Tab လေးကို နှိပ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Picture, Video, My Location, Voice Note အစရှိတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအထဲက Picture ဆိုတဲ့ Tab ကိုရွေးချယ်တယ်ဆိုရင် သင်ပို့ချင်တဲ့ဓာတ်ပုံကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီးသွားပြီဆိုမှသာ Send Butoon ကိုနှိပ်ပြီးပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Contact List, Ring tone, Website နဲ့ Application တွေကို ပို့ဆောင်ချင်တယ်ဆိုရင်လည်း အထက်မှာဖော်ပြထားတဲ့အတိုင်း သင်ပေးပို့လိုတဲ့သူရဲ့ Message Box ထဲ ကိုဝင်ရမှာဖြစ်ပါတယ်။ ပြီးမှသာ Attach ဆိုတဲ့ Tab လေးကိုနှိပ်ပြီး Voice Note, Contact အစရှိတာတွေမှာ သက်ဆိုင်ရာကိုရွေးချယ်ပေးပြီး Attach တွဲရမှာဖြစ်ပါတယ်။ ပြီးသွားမှသာ Send Button ကိုအသုံးပြုပြီး ဖိုင်တွေကိုပေးပို့နိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေကို Windows Phone ရဲ့ Text Message ပေါ်ကနေ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေနဲ့အခြားသော Contact တွေ၊ Ringtone ဖိုင်တွေကို အလွယ်တကူဝေမျှနိုင်ပြီဖြစ်ပါတယ်။


No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...