Friday, September 21, 2012

ကွန်ပျူတာသုံးစွဲမှုများကို မှတ်သားထားနိုင်သည့် Keylogger



khaisit: ကျေးဇူးပြုပြီးတော့ Keylogger Collection သုံးနည်းလေးတွေကိုပြောပြသင်ပေးပါလာ .. sikindra@gmail.com  သို့
Keylogger Software
သည် ကွန်ပျူတာတွင် လုပ်ဆောင်မှုမှန်သမျှကိုအသေးစိတ် မှတ်တမ်းတင်ထားနိုင်သည့် Software တစ်ခုဖြစ်ပါသည်။ ကွန်ပျူတာ Keyboard မှရိုက်ထည့်သည့် စာလုံးမှန်သမျှကို မှတ်သားထားနိုင်ပါသည်။ Internet အသုံးပြုပါက မည်သည့် Website များကိုဝင်ရောက် ကြည့်ရှုအသုံးပြုသည်ကို မှတ်သားထားနိုင်ပါသည်။ ကွန်ပျူတာအတွင်း Video File များကြည့် ရှုခြင်း၊ ရုပ်ပုံများကြည့်ရှုခြင်း စသည်ဖြင့် လုပ်ဆောင်မှုများကို မှတ်သားထားနိုင်ပါသည်။ မိမိကွန်ပျူတာအား အခြားသူတစ်ယောက်မှ အသုံးပြုပါက ကွန်ပျူတာအသုံးပြုမှုများကို တိကျစွာသိရှိစေနိုင်ပါသည်။ File Size 698 KB သာရှိပြီး ထိရောက်စွာအသုံးပြုနိုင်သည့် Software တစ်ခုဖြစ်ပါသည်။


Software Install ပြုလုပ်ခြင်းနှင့်အသုံးပြုခြင်း

Free Keylogger Software ကို Install ပြုလုပ်ရန်မှာလွယ်ကူရိုးရှင်းပါသည်။ Install ပြုလုပ်ရန်အတွက် Setup File ကို Double Click ဖြင့် Run ပေးရပါမည်။ Install ပြုလုပ်ပြီးပါက FKRMonitor ဆိုသည့် Folder ကို C:\Program Files ထဲတွင်တွေ့မြင်ရမည် ဖြစ်ပါသည်။

အဆိုပါ FKRMonitor Folder ထဲမှ Fklogger ကို Double Click ဖြင့်ဖွင့်၍ Free Keylogger Software ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Free Keylogger Software သည် Freeware တစ်ခုဖြစ်ပြီး Serial Keys များထည့်သွင်းရန်မလိုပဲ ရက်အကန့်အသတ်မရှိ အသုံး ပြုနိုင်မည် ဖြစ်ပါသည်။အသုံးပြုရန်အတွက်ဖွင်လိုက်သည်နှင့် အောက်ဖော်ပြပါပုံအတိုင်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ဘယ်ဘက်ထိပ်ဆုံးတွင် Calendar ကိုတွေ့မြင်ရမည်ဖြစ်ပြီး စတင် Install ပြုလုပ် သည့်ရက်မှစ၍ ကွန်ပျူတာတွင်လုပ်ဆောင်မှုမှန်သမျှကို Notepad ဖြင့်သိမ်းဆည်းသွားမည် ဖြစ်ပါသည်။ ရက်အလိုက်လုပ်ဆောင်မှုများကိုသိရှိလိုပါက Date ကို Double Click ဖြင့်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

ကွန်ပျူတာစဖွင့်သည်နှင့်တစ်ပြိုင်နက်တည်း Keylogger Software ကိုအလုပ်လုပ်စေ လိုပါက Startup Settings တွင် Autostart Program With Windows ကို Select ပြုလုပ် ပေးရပါမည်။ Start Program List တွင် Hidden ဖြစ်နေစေရန်အတွက် Start Program in Hidden mode (hide tray icon) ကို Select ပြုလုပ်ပေးရပါမည်။

ထို့နောက် ကွန်ပျူတာ Start Menu တွင် Keylogger Software အသုံးပြုခြင်း ကို တွေ့မြင်ခြင်းမရှိစေရန်အတွက် Hide In Start Menu ကို Select ပြုလုပ်ပေးရပါမည်။ ထို့အတူ Add or Remove Program တွင်မမြင်စေလိုပါကလည်း Hide In Uninstall List ကို Select ပြုလုပ်ပေးရပါမည်။

Free keylogger Software Window ကို Mininize ပြုလုပ်ထား နိုင်ပါသည်။ Minimize ပြုလုပ်ထားပါက Keylogger Software အသုံးပြုထားမှန်း အလွယ်တကူ သိရှိထားနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် (x) အမှတ်အသား Close ဖြင့်ပိတ်ထားနိုင်ပါ သည်။ ထိုသို့ပြုလုပ်ပါက Freekeylogger ကို Invisible စနစ်ဖြင့်အလုပ်လုပ်စေမည်ဖြစ်ကြောင်း Message ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။

Keylogger Software Window ကိုပြန်လည်ခေါ်ယူ ရန်အတွက် Shift+Ctrl+Alt+U ကိုနှိပ်၍ခေါ်ယူနိုင်ပါသည်။ U နေရာတွင်နှစ်သက်ရာ အက္ခရာ ကိုအစားထိုးနိုင်ပါသည်။ ထိုသို့အစားထိုးပြုလုပ်နိုင်ရန်အတွက် Keylogger Window မှ Invisibility Settings ရှိ Hidden Mode Key တွင် Caser ချ၍ ပြောင်းလဲလိုသည့် အက္ခရာကို နှိပ်၍ ပြောင်းလဲနိုင်ပါသည်။

ထို့နောက် နောက်ဆုံးအဆင့်အဖြစ် Spy Tools Settings ကိုပြင်ဆင်ရန်ဖြစ်ပါ သည်။ Spy Tools ရှိ Keystroke Logging ကို Select ပြုလုပ်ပေးပါက Internet အသုံးပြုရာ တွင် Password စာလုံးများကိုပါ မှတ်သားပေးမည်ဖြစ်ပါသည်။ ထို Password Character စာလုံးများကို မှတ်သားရာတွင် ပုံမှန်စာလုံးများအတိုင်းမြင်စေနိုင်မည်ဖြစ်ပါသည်။ Clipboard monitoring ကို Select ပြုလုပ်ထားပါက ကွန်ပျူတာတွင်လုပ်ဆောင်မှုများကို Notepad ဖြင့် မှတ်သားထားမည်ဖြစ်ပါသည်။ Web navigation monitoring (visited websites) ကို Select ပြုလုပ်ပေးထားပါက Internet တွင်အသုံးပြုသည့် Website များကိုပါမှတ်သားပေး ထားမည်ဖြစ်ပါသည်။

ကွန်ပျူတာတွင်အသုံးပြုထားသည်များကို ပြန်လည်ကြည့်ရှုလိုပါက Report For Picked Date အောက်ရှိ Keystrokes & Clipboard နှင့် Visited Websites (URLs) တို့ ကို Click ၍ ကြည့်ရှုနိုင်ပါသည်။

မှတ်သားထားသည်များကို Delete လုပ်လိုပါက Delete Reports ရှိ For Picked Date နှင့် For All Time တို့ကို Click ၍ Delete ပြုလုပ်နိုင်ပါသည်။ For Picked Date မှာ သတ်မှတ်ထားသည့် ရက်စွဲတွင်ကွန်ပျူတာအသုံးပြုမှုများကို Delete ပြုလုပ်ပေးမည် ဖြစ်ပြီး For All Time ကို Click ၍ Delete ပြုလုပ်ပါက Keylogger Software ကိုစတင်အသုံး ပြုသည့်အချိန်မှစ၍ မှတ်သားထားသည့် Data များကို Delete ပြုလုပ်သွားမည်ဖြစ်ပါသည်။  Free Keylogger Software ကို Uninstall ပြုလုပ်လိုပါက Free Keylogger Software Window ရှိ Uninstall ကို Click ၍ Uninstall ပြုလုပ်နိုင်ပါသည်။

Download Free Keylogger
တခြား Keylogger Software တွေလည်း ထိုနည်းအတိုင်း အသုံးပြုခြင်းနီးစပ်နေလိမ့်မယ်.။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...