Monday, October 1, 2012

Create a System Image and Back up for Your Windows 7


Microsoft Windows 7 မှာ အစွမ်းထက်တဲ့ Windows Recovery System တွေပါဝင်လာတာကို သင်သိပြီးပြီလား။ လိုအပ်သလို သင်၏ Windows System နှင့် အရေးကြီး Data တွေကို လွယ်ကူစွာ Backup လုပ်ထားနိုင်ပါတယ်။

သင်ကိုယ်တိုင် ပြုလုပ်လိုပါက။
Start ထဲက Search Programs and Files နေရာတွင် back up and restore လို့ရိုက်ထည့်လိုက်ပါ။ အဲဒီမှာ Backup and Restore လုပ်ငန်းစဉ်တွေ ကျလာပါပြီ။

ရိုးရိုးသာမာန် Data တွေကို Backup လုပ်ဖို့အတွက်ဆိုရင် Back up and Restore your files ၏ Set up Backup တွင် နှိပ်ပြီး လွယ်ကူစွာပြုလုပ်နိုင်ပါသည်။ ကျွန်တော်ကတော့ Windows ၏ အရေးကြီးသော System အပိုင်းတွေကို ဘယ်လို ကြိုတင်ပြီး System Backup လုပ်လို့ရတယ် ဆိုတာကို ပြောပြပေးမှာပါ။ ကြိုတင် System Backup လုပ်ထားတဲ့အတွက် Windows က အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခဲ့သည် ရှိသော် System Restore ပြန်လုပ်လိုက်တာနဲ့ အလွယ်တကူ ပြန်ကောင်းသွားမယ်။ ပြန်သုံးလို့ရသွားပါမယ်။ ကဲ... လေကြော ရှည်သွားပြီ... လိုရင်းကို ဆက်သွားတော့မယ်။


Create a System Image
Windows 7 ကို System Image ထုတ်ဖို့အတွက် Create a System Image မှာ နှိပ်ပေးပါ


အဲဒီမှာ ရလာမည့် System Image File ကို ဘယ်နေရာ သိမ်းမလဲ ဆိုတာကို မေးနေပါတယ်။ Back up လုပ်လို့ရလာတဲ့ ဖိုင်ကို တခြား Partition အပိုင်း (သို့မဟုတ်) တခြား HardDisk, Storage Device, DVD Disc နဲ့ Local Network ချိတ်ဆက်မှုရှိနေသော တခြားစက်တစ်စက်မှာ သိမ်းမယ်ဆိုတာကို လမ်းကြောင်းပေးရပါတယ်။ ကိုယ်ကြိုက်ရာ သိမ်းဆည်းမှုကို ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ On a HardDisk ကိုပဲ ရွေးချယ်လိုက်ပါတယ်။




Next နဲ့ဆက်သွားပါတယ်။


ဤအဆင့်မှာ Windows တင်ထားသည့် အပိုင်းနဲ့အတူ တခြား Partition အပိုင်းတွေကိုပါ Backup ပြုလုပ်ချင်ပါက ရွေးချယ်ခိုင်းသည့် အဆင့်ဖြစ်ပါသည်။


Next နဲ့ဆက်သွားပါ။




Confirm Your Backup Settings အပိုင်းမှာတော့ မိမိလုပ်ခဲ့တဲ့လုပ်ငန်းစဉ်ကို ပြန်စစ်နိုင်ပါတယ်။ သေချာပြီဆိုရင်တော့ Start Backup မှာ နှိပ်လိုက်တာနဲ့ System Backup လုပ်ငန်းစတင်ပါပြီ။




Backup လုပ်ပြီးတာနဲ့ ကျလာတဲ့ Message က System Repair Boot Disc လုပ်မလား မလုပ်ဘူးလား ဆိုတာကို မေးပါတယ်။



ပြုလုပ်ချင်ပါက DVD ခွေအလွတ်တစ်ချပ်လိုအပ်သလို မိမိ၏ စက်တွင်လည်း DVD Writer ရှိဖို့လိုအပ်ပါတယ်။

(မှတ်ချက် - မိမိတွင် Windows 7 Operating System Disc ရှိပါက System Repair Disc ပြုလုပ်ရန် မလိုပါ။)







ကျွန်တော်ကတော့ ဤအဆင့်မှာ NO ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ Windows 7 Backup လုပ်တာ ပြီးသွားပါပြီ။




Close မှာ နှိပ်ပါ။

ပီးလျင်တော့ မိမိလမ်းကြောင်းပေးပြီး သိမ်းလိုက်တဲ့ နေရာမှာ Backup Image Folder ကို ယခုလို တွေ့မြင်ရမည်ဖြစ်ပါသည်။


စာဖတ်သူအပေါင်း အိုင်တီ နည်းပညာ ဗဟုသုတများ တိုးပွားပါစေကြောင်း ဆုတောင်းလျက်။

Resource By အိုင်တီမန်း(မန္တလေး)






No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...