Sunday, December 9, 2012

Portables Photoshop CS1,2,3,4,5 ,6


ကိုလွင်မင်းဗိုလ်ဆီက ကူးယူတင်ပြထားပါသည်။ကျွန်တော့်ဆီမှာ လင့်ခ်သေနေတာကို ပြန်ပြင်သွားမှာပါ။

Photoshop CS1,2,3,4,5 Portable လေးတွေကို စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါတယ်..။ Cbox နဲ့ comment တွေမှာ တောင်းထားတာလေးတွေပါ.. ရတဲ့အချိန်လေးမှာ ဖြေးဖြေးချင်း Upload တင်နေရတာ ဖြစ်လို့ နည်းနည်းတော့ ကြာသွားပါတယ်.. Rapidshare ဆိုဒ်မှာ ကျန်ခဲ့တဲ့ ၃၊၄ရက်က သူ့ဆိုဒ်ကို Update ပြန်လုပ်ထားတာဖြစ်လို့ အဲ့ဒီဆိုဒ်မှာ အရင်တင်ပေးထားတဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ မရတော့ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ တင်ပေးထားတဲ့ တချို့ဆော့ဝဲလ်တွေကို လိုအပ်တဲ့သူများကတော့ Cbox မှာဖြစ်စေ၊ Comment မှာဖြစ်စေ ရေးခဲ့ပေးပါ.. ပြန်လည် တောင်းဆိုနိုင်ပါတယ်..။ ကျနော်အချိန်ရတာနဲ့ ပြန်လည်တင်ပေးထားပါမယ်.. အခုဒီ Photoshop portables လေးတွေကတော့ ၂ချက်တောက်ပြီး စက္ကန့် ၇၀၊၈၀ လောက် စောင့်နေပြီးရင် ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆို အသုံးပြုလို့ ရသွားပါပြီ.. တချို့က Portable ဆော့ဝဲလ် ဆိုတာကို သေသေချာချာနားမလည် ကြတော့ Full မဖြစ်ဘူးလို့ ထင်နေကြတဲ့သူများလည်း ရှိတာမို့ နည်းနည်းတော့ ရှင်းပြချင်ပါတယ်.. Portable ဆော့ဝဲလ် ဆိုတာက Full ဖြစ်ပြီးသား ဆော့ဝဲလ်တွေပါပဲ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့.. Next တို့၊ Finish တို့၊ နှိပ်ဖို့မလိုတဲ့.. Serial Keys တွေ Patch တွေ၊ Crack တွေ ထည့်ပေးဖို့ မလိုတော့တဲ့ ဆော့ဝဲလ်မျိုးကို Portable ဆော့ဝဲလ်လို့ ခေါ်ပါတယ်.. နောက်ပြီး မိမိတို့ကွန်ပျူတာမှာမသုံးပဲ.. အင်တာနက်ဆိုင်ကလိုမျိုး ကွန်ပျူတာတွေမှာ အသုံးပြုချင်တဲ့အခါ မိမိတို့ရဲ့ USB Flash Drive ထဲ ဒီ Potable ဆော့ဝဲလ်တွေကို ထည့်ပြီး၊ ယူသွားပြီး အလွယ်တကူ ဖွင့်သုံးလို့ ရပါတယ်.. မိမိတို့ရဲ့ USB ကိုဆွဲဖြုတ်လိုက်တာနဲ့ အဲ့ဒီစက်ထဲမှာ ဘာဆော့ဝဲလ်မှ မကျန်ခဲ့တော့ပါဘူး.. မိမိတို့ရဲ့ USB Drive ထဲမှာ မိမိတို့ရဲ့ Portable ဆော့ဝဲလ်တွေ အားလုံးပါလာပြီးသားပါ.. အဲ့လိုမျိုး သယ်သွား၊ သယ်လာ အလွယ်သုံးလို့ရလို့ Potable လို့ခေါ်တာပါ.. ဒီလောက်ဆိုရင် မသိသေးတဲ့သူများကတော့ Portable ဆော့ဝဲလ် ဆိုတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အခုဒီ Photoshop Portables လေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်တွေကလည်း သိပ်မများပါဘူး..


Download Portables Photoshop
PS-CS 5 (122.8 MB)

ကျနော်အရင်တုန်းက တင်ပေးထားတဲ့ Photoshop CS6 Portable က အသုံးပြုလို့ မရတော့တဲ့ အတွက် နောက်ထပ်အသစ်ထပ်ရှာပြီး ထပ်တင်ပေးလိုက်ပါတယ်..။ သူ့ထဲမှုာ Camera Raw 7 Camera Profiles  နဲ့ Lens Profiles ဆိုပြီး Plug-in ၂ခုပေါင်းထည့် ပေးထားတာဖြစ်တဲ့ အတွက် ဖိုင်ဆိုဒ်တော့ နည်းနည်းများသွားပါတယ်..။ 32-bit ဝင်းဒိုးတွေအတွက်က 168 MB ရှိပြီး၊ 64-bit ဝင်းဒိုးတွေ အတွက်ကတော့ 307 MB ရှိပါတယ်..။ 64-bit အတွက် အပိုင်း ၆ပိုင်း ခွဲတင်ပေးထားပါတယ်..။ 32-bit အတွက်တော့ ဖိုင်တစ်ခုထဲပါပဲ..။ မိမိတို့ စက်ရဲ့ဝင်းဒိုးဗါးရှင်းအလိုက် ရွေးပြီး အောက်ကလင့်တွေကနေ ဒေါင်းယူကြပါဗျာ..။ ကျနော်သုံးကြည့်ပြီးပါပြီ.. ၂ခုစလုံး အဆင်ပြေပါတယ်..။ ကျနော့် Blog ရဲ့ Sidebar မှာ အသစ်ထည့်ထားတဲ့ စာလုံးတွေ အရောင်ပြောင်းအောင် Animation နဲ့လုပ်ထားတဲ့ စာတန်းလေးကို ဒီ  Photoshop CS6 Portable (64-bit) နဲ့ ဖန်တီးထားတာပါ..။ လိုအပ်တဲ့သူများ အောက်မှာယူလိုက်ပါဗျာ..



Photoshop CS6 Portable 32-bit (168 MB) တဖိုင်တည်း

Photoshop CS6 Portable 64-bit (307 MB) အပိုင်း၆ပိုင်း

ဖိုင်တွေကို ပြန်ပေါင်းဖို့ Part01 ကနေ ဖြည်ချပေးလိုက်ရင် ကျန်တဲ့ ဖိုင်တွေပါ ပြေသွားပါလိမ့်မယ်.. မလုပ်တတ်သေးတဲ့ သူများကတော့ nero8 essential ပိုစ့်မှာ (ပြန်ကြည့်ပေးပါ..) လုပ်ပြထားပါတယ်.. အတူတူပါပဲ .. နောက်တခုက အောက်ကလိုမျိုး ဘောက်စ်လေးပေါ်လာရင် Close စာသားကို နှိပ်ပေးလိုက်ပါ..။ သူ့ထဲမှာပါလာတဲ့ နာမည်ရေးထားတဲ့ ဖိုင်တွေမှာ WinRAR ကသပ်မှတ်ထားတဲ့ စာလုံးရေထက် ပိုများတဲ့ ဖိုင်တွေပါလာလို့ ဒီဘောက်စ်လေးတွေ ပေါ်လာတာပါ..။ ဖိုင်ဖြည်ပြီးသွားရင်တော့ ဒီကောင်လေးကို ဖွင့်သုံးတော့မယ်ဆိုရင် Open နဲ့ဖွင့်လို့ တက်မလာတဲ့ စက်တွေမှာ သူ့ Icon ပုံလေးပေါ်မှာ Right Click >> Run as Administrator နဲ့ ဖွင့်သုံးပါ..။ လုံးဝ ဖွင့်သုံးလို့ မရတဲ့သူများ ရှိခဲ့ရင် Comment နေရာမှာ မရတဲ့အကြောင်း ရေးပေးခဲ့ပါ..။ အဆင်မပြေတဲ့ သူများအတွက် အဆင်ပြေအောင် နောက်တမျိုး ထပ်လုပ်ပေးပါ့မယ်..

 လိုအပ်သူများအဆင်ပြေနိုင်ကြပါစေ

ဖုန်းမြင့်ကျော်

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...