
မီးလျှံမြေခွေး(Firefox)ဘဲ သုံးနေတာ ငြီးငွေ့လှပြီ။ကျနော်တို့ ရေအောက် Comodo Dragon နဲ့ ခရီးဆက်ကြည့်ပါစို့..:D ဒီနဂါးက ကာလနဂါးမဟုတ်ပါဘူး။မြေခွေးထက်မြန်တယ်နော်။ဒီ Browser က Chrome လိုဘဲ ပုံစံချင်း အတူတူဘဲ။သူငယ်ချင်းတို့ သုံးကြည့်လိုက်ပါ။တကယ်. တကယ်ကို အသုံးတည့်မှာပါ။ဒီထက်အသေးစိပ်သိချင်ရင်တော့ အောက်မှာ မူရင်းညွှန်းထားတာကို ဖတ်ကြည့်လိုက်ပါ။
မြန်မာစာမြင်နိုင်ဖို့ကတော့ Google Chrome လိုဘဲ ပြောင်းပေးရလိမ့်မယ်။မသိသေးတဲ့သူတွေအတွက် ကျနော်စာနဲ့ဘဲ မြန်မာစာပြောင်းနည်းကို ပြောပါ့မယ်။
(၁)ပထမဦးဆုံး ဘယ်ဘက်ထိပ်က Comodo Dragon အပေါ်ကလစ်လိုက်ရင် ကျလာတဲ့ Box ထဲက setting ကိုရွေးလိုက်ပါ။
(၂)setting ထဲရောက်ပြီးဆိုရင် ဟိုးအောက်ဆုံး Show Advenced Settings ကို ထပ်နှိပ်လိုက်ပါ။
(၃)ထပ်ပေါ်လာတဲ့ ဟာထဲက customize fonts ကို ထပ်နှိပ်ပါ။
(၄)နှိပ်လို့ပြီးပြီဆိုရင် ထပ်ကျလာတဲ့ Box တွေထဲက Fonts တွေအားလုံးကို zawgyi one ပြောင်းပေးလိုက်ရင် အိုခေ ဖြစ်ပြီး။
P.S မသိသေးတဲ့သူအတွက်သက်က်ရည်ရွယ်ခြင်းဖြစ်ပါတယ်။
မူရင်းလင့်ခ်ဆီကဘဲ ဒေါင်းလိုက်ကြပါ။
Comodo Dragon Browser