Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts
Thursday, December 13, 2012
Wednesday, August 29, 2012
Hard Disk Patition ကို Format ချနည်း
ဒီနည်းလေးကို ကိုနေရိုင်းက Cbox မှာ တောင်းထားတာနဲ့ တခြားမသိသေးတဲ့ သူများအတွက်ပါ ရည်ရွယ်ပြီး အရင်တင်ပေးလိုက်ပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Patition လို့ ခေါ်တဲ့ Hard Disk ကို အပိုင်းတွေခွဲပြီး ဝင်းဒိုးနှစ်ခု၊ သုံးခုတင်လို့ ရသလို တခြား မိမိတို့ သိမ်းထားချင်တဲ့ ဖိုင်တွေ ၊ ဆော့ဝဲလ်တွေ ၊ ရုပ်ရှင်တွေ ၊ ဓါတ်ပုံ သီချင်း အားလုံးကို ၄င်း Patition တွေထဲမှာ သိမ်းထားလို့ ရပါတယ်..။ အကြောင်းတခုခုကြောင့် ဝင်းဒိုးကျသွားတဲ့အခါ မိမိတို့ သိမ်းထားတဲ့ ဟာတွေအားလုံး ပျက်မသွားပါဘူး..။ ပြန်ယူလို့ရပါတယ်..။ အခုဒီနည်းကတော့ အဲဒီ Patition တွေကို ဖျက်မှာဖြစ်တဲ့အတွက် အရင်ဆုံး မိမိတို့ လိုချင်တာလေးတွေကို တနေရာရာကို ပြောင်းပြီး သိမ်းထားဖို့ မမေ့ပါနဲ့..။ မလိုတာတွေဆိုရင်တော့ တခါထဲ ဖျက်တဲ့ထဲမှာ ထည့်ဖျက်လိုက်လို့ ရပါပြီ..။ Windows7 အတွက်ဖြစ်ပါတယ်..။
နောက်ပိုင်းပို့စ်တွေမှာတော့ Hard Disk ကို Patition ခွဲနည်းနဲ့ ဝင်းဒိုးတင်နည်းတွေပါ... ဖေါ်ပြပေးသွားပါမယ်..။ ဒီနေ့တော့ ဒါလေးစလိုက်ကြရအောင်... အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ အပိုင်းကို ဖျက်ပြသွားပါမယ်..
Tuesday, August 28, 2012
HKEY_CURRENT_USER အကြောင်း
ကွန်ပျူတာပိုင်းမှာ star manu အောက် run box ဆိုတာကွန်ပျူတာ တလုံး၏ အဓိက ထိန်းချုပ်ရာ ရပ်ဝန်တယ်...
Run Box မှာ regestiry ကို ရိုက်ထည့်လိုက်ပါမယ်...။
regedit Box တခု တတ်လာလိမ်မယ်။
အဲဒီမှာ HKEY_CURRENT_USER ကို တွေ့တာနဲ့ HKEY_CURRENT_USER ကို နှိပ်ဖွင့်လိုက်ပါ
ထို့နောက်..
Control panel ဆိုတာကိုတွေ့ပါမယ်..... အဲဒါထပ်ပြီး နှိပ်ဖွင့်လိုက်ပါ

Desktop ကိုတွေ့ပါလိမ့်မယ်....
ကယ်အခုမှ တကယ်လုပ်ငန်စပါတော့မယ်...
Desktop ကိုနှိပ်ပြီးတာနဲ့ HunnAppTime ကို ရှာပါ တွေ့တာနဲ့ တန်ဖိုးကို 1000 လို့ပေးလိုက်ပါ ....
ထို့နောက် MenuShowDelay ကို ရှာပါ တွေ့တာနဲ့တန်ဖိုးကို 1 လို့ပီးပါ။
အောက်ကဟာတွေကိုလည် အထက်ပါအတိုင်းပြုလုပ်သွားပါဗျ...
WaitToKillAppT….. ကို 1000 လို့ပြောင်းပေးပါ။
WaitToKillServi….ကို 1000 လို့ပြောင်းပေးပါ။
အားလုံးပြောင်းပြီးပါက ပြီးပါပြီးအဓိပ္ပါယ်က တခြားမဟုတ်ပါ။ ကွန်ပျူတာကို ထိန်းသိမ်းရေးပိုင်းမှာ အလုပ်လုပ်နှုန်းကို ပြန်ညှို ရခြင်းဖြစ်ပါတယ်...အလုပ်ပုံမှန်အတိုင်းပဲလုပ်ဆောင်ပါလိမ်မယ်။ မြန်လားပါလိမ်မယ်။
Sunday, June 24, 2012
RunDll Error ဖြေရှင်းနည်း
windown+R ကိုနှိပ် ပြီတော့ regeditဟုရိုက် ပြီး enter နှိပ်လိုက်ပါ ပြီးတော့ yes ပေါ့ 
ပေါ်လာတဲ့ အကွက်ထဲက hkey current user အပေါင်လေးကိုနှိပ်ပြီး
softwear >microsoft>windown>current version>run>ပေါ်လာတဲ့ 
အကွက်ထဲကအနီရောင်ထဲက rundll ကိုရွေးပြီးကီဘုတ်ကdeleteပြီးတော့ yes နှိပ်ပြီး restart ပေးလိုက်ပါ။အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
Friday, May 25, 2012
C မှာနေရာမလောက်လို့ အခြားသော Partition မှာ Program တွေတင်ကြည့်မယ်
အရင်ဆုံး program တွေတင်ဖို့ လမ်းကြောင်းပြောင်းပါ့မယ်။
ဘာပြသနာမှ မရှိပါဘူး program တွေကိုပုံမှန်အတိုင်းသုံးလို့ရပါတယ်။
Run ထဲမှာ regedit ရိုက်ပြီး Registry Editor ကိုခေါ်လိုက်ပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion
CurrentVersion ကိုကလစ်နှိပ်လိုက်ပါ။ ညာဘက်မှာရှိတဲ့ ProgramfileDir ကို right click နှိပ်ပြီး
Modifiy ကိုနှိပ်လိုက်ပါ။
ဒီလိုဘောက်ကလေးကျလာပါမယ်။
အဲဒီမှာ default install location ဖြစ်တဲ့ C:\Program File ပါ။
အဲဒီမှာ ကို Install လုပ်ချင်တဲ့ partition ကို create လုပ်လိုက်ပါ။
မိမိစိတ်ကြိုက်နာမည်သတ်မှတ်လို့ရပါတယ်။
ဥပမာအနေနဲ့ My Application ပါ။ ဒါဆိုရင်တော့ Registry ပိတ်လိုက်ပါ လုပ်နည်းတော့ပြီးပါပြီ။
Application တွေကို install လုပ်ကြည့်ပါ E:\ အောက်ထဲကိုရောက်သွားပါပြီ။
အားလုံးပဲ အဆင်ပြေကြမယ်ထင်ပါတယ်။
Right Click menu မှာ Copy To Folder နဲ့ Move To Folder ထပ်ထည့်မယ်
Right Click menu မှာ Copy To Folder နဲ့ Move To Folder ဆိုတဲ့ options
ထပ်ထည့်လို့ရတဲ့နည်းလေးကို ပြန်လည်ဝေမျှလိုက်ပါတယ် ...
ဒီနည်းလေးသုံးခြင်းအားဖြင့် မိမိ copy သို့မဟုတ် move လုပ်ထားတဲ့ data ကို
ထားလိုသောနေရာသို့ သွားစရာမလိုပဲ လွယ်လွယ်ကူကူ ရွေးလို့ရမှာဖြစ်ပါတယ် ...
CD Drive ပျောက်နေလျှင် ပြန်ခေါ်တဲ့နည်းလေးပါ
Computer မှာ CD/DVD Drive မပေါ်လို့ မေးထားတဲ့ အကို့အတွက် တင်ပေးတာပါ။အားလုံးသိပြီးသားဖြစ်မှာပါ။
၁.My computer-->right click-->properties ကိုအရင်သွားပါ။
၂.My computer-->right click-->hardware-->device manager-->cd/dvd drive ကိုသွားပါ။
၃.General အောက်က This device is working
properly ဆိုတဲ့စာသား ဆိုမှန်ပါတယ် drive အလုပ်လုပ်နေပါတယ်။ disable ဆိုရင်
မှန်ပါတယ် Unable ဆိုရင် disable
ကိုပြင်ပေးလိုက်ပါ။အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။
မေးထားတာတော့တော်တော်ကြာပါပြီ မေ့နေလို့
မတင်ဖြစ်တာကိုတော့ခွင့်လွတ်စေချင်ပါတယ်။
RunDll Error ဖြေရှင်းနည်း
windown+R ကိုနှိပ် ပြီတော့ regeditဟုရိုက် ပြီး enter နှိပ်လိုက်ပါ ပြီးတော့ yes ပေါ့ 
ပေါ်လာတဲ့ အကွက်ထဲက hkey current user အပေါင်လေးကိုနှိပ်ပြီး
softwear >microsoft>windown>current version>run>ပေါ်လာတဲ့ 
အကွက်ထဲကအနီရောင်ထဲက rundll ကိုရွေးပြီးကီဘုတ်ကdeleteပြီးတော့ yes နှိပ်ပြီး restart ပေးလိုက်ပါ။အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
Hard Disk Space များများရရှိပြီး ကွန်ပြူတာမြန်ဆန်စေရန်
ကွန်ပျူတာ
တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard
disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု နှေးလာခြင်း၊ program
များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု
စတင် လိုက်တဲ့ အခါကတည်းက default disk setting ကိုWaste capacity ကို
များစွာပေးထားတာပါ ကျွန်တော် တို့က အဲဒီမလို အပ်တဲ့ wasted capacityကို
လျှော့ချလိုက်ခြင်းအားဖြင့် free space များများရ ရှိအောင်
လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
ပထမဆုံး
my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space ,
free space ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို
သိရှိနိုင်မှာ ပါ ..မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ 3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့
shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့
ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)
Sunday, May 20, 2012
ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??
International Organization for Standardization ISO ဆိုတာ ဘာလည်းဆိုတာကနေ စကြပါစို့...ဒီတော့ ISOဆိုတာ အရှည်ကတော့ . International Organization for Standardization ပေါ့..Archive ဖိုင်အမျိုးအစားတခုပါပဲ..DISC Image အမျိုးအစားတခုလို့လည်း လူသိများပါသေးတယ်.။ သူကိုတော့ခုနောက်ပိုင်းတော်တော် များများကို ISO တွေနဲ့ပဲ ထွက်လာကြတာ သတိထားမိပါလိမ့်မယ်... Window ခွေဆိုလည်း ISO Software collection
Monday, May 7, 2012
Windows 7 Short Tools
Windows 7 မှာပါတဲ့ ထူးကဲတဲ့ shortcut
ways လေးတွေပါ။ သိပြီးသား သူများအတွက် ကျွန်တော်မရည်ရွယ်ပါဘူး။ မသိသေးတဲ့
သူငယ်ချင်းများ၊ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများ လိုသလို
အသုံးပြူနိုင်အောင်သာ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ လေ့လာကြည့်လိုက် ကြပါဦး။
သူများစက်ကို ၀င်ကြည့်မယ်
ကျွန်တော်ဒီနေ့
Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူပုံလေး တင်ပြချင်ပါတယ်။ Team
viewer တို့လို အသုံးပြူနိုင်တဲ့ Tools လေးပါ။ မိမိစက်ကနေ
အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့
လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ။ ကျတော်လည်းမသိပါဘူး
ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ပြောပြလို့ ကျွန်တော်လည်းပြန်လည်
ဝေမျှလိုက်တာပါ။ WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက်
စိတ်ဝင်စားဖို့ကောင်းမှာပါ။ အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ
ကြည့်လိုက်ပါဦး။
လုပ်နည်း
အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း
၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ။
၂။ BOX လေးတစ်ခု ကျလာပါလိမ့်မည်။ ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ။
၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ။
၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (BOX ကိုမပိတ်လိုက်ပါနှင့်။)
ကြည့်မည့်သူအပိုင်း
၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ။
၂။ ကြည့်လို့ ပြူပြင်လို့ရသွားပါပြီ။
အားလုံးပဲ အဆင်ပြေနားလည်မယ် လို့မျှော်လင့်ပါတယ်။
Sunday, April 8, 2012
System Unit တစ်လုံးကို Monitor နှစ်လုံးတပ်ဆင်
သင်ဟာ အချိန်တစ်ချိန်ထဲမှာ မတူညီတဲ့ အလုပ်တွေကို လုပ်နေပြီး Program များကိုလည်း
အများအပြားဖွင့်ထားတဲ့အခါ Monitor တစ်လုံးထဲကနေ အလုပ်လုပ်ဖို့ဆိုလျှင် အဆင်မပြေနိုင်ပါဘူး။
ဒီအတွက် Monitor နှစ်လုံးကို ချိတ်ဆက်ပြီး PC တစ်လုံးထဲတွင် အသုံးပြုခြင်းဖြင့် Multiple Displays အဖြစ်
အသုံးပြုနိုင်မှာဖြစ်ပြီး သင်လုပ်ကိုင်နေသော အလုပ်များကို အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် အမျိုးအစားတူညီတဲ့ Monitor နှစ်လုံးနဲ့ Display Adapter လိုအပ်မှာဖြစ်ပါတယ်။
၁။ Monitor နှစ်လုံးတပ်ဆင်တော့မယ်ဆိုရင် ပထမဦးစွာ သင့်ရဲ့ ကွန်ပျူတာကို Shutdown ချထားပါ။
၂။ ထို့နောက် Monitor နှစ်လုံးကို Display Adapter နဲ့ချိတ်ဆက်ထားလိုက်ပါ။
၃။ သင့်ကွန်ပျူတာရဲ့ စနစ်ကို စတင်ဖွင့်ပြီး Display Setting ချိန်ညှိပေးပါ။
၎။ Desktop ပေါ်တွင် Right Click နှိပ်ပြီး "Window XP" ဆိုလျှင် Properties ကို ရွေးချယ်ပြီး Window
Vista ဆိုလျှင် "Personalize" ရွေးချယ်ပေးပါ။ Display Properties Box ကျလာပါလိမ့်မယ်။ Display Setting
ကို ရွေးချယ်ပေးလိုက်ပါ။
၅။ ဒုတိယတပ်ထားသည့် Monitor ကို ရွေးချယ်လိုက်ပါ။
၆။ အားလုံးပြီးသွားပြီဆိုလျှင် Apply Button ကို Click နှိပ်ပြီး OK ကို Click နှိပ်လိုက်ပါ။ Monitor နှစ်လုံးကို
System Unit တစ်လုံးထဲတွင် တပ်ဆင်ပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
source: ICT Reader

USB Flash Drive Kon-Boot ကို သုံးပြီး Windows Password ကျော်မယ်
ကျနော်တော့ ဟိုဟာတင်ရမလိုဒီဟာ တင်ရမလိုနဲ့.. စဉ်းစားရင်း ဒါလေးကိုသတိရလိုက်လို့ တင်ပေးလိုက်တယ်ဗျာ သိပြီးသားဆိုရင်လည်း sorry ဗျာ.... ဒီကောင်လေး က USB flash drive နဲ့ Windows Password တွေ ကို ကျော်တာပါ။ မူလ password ကိုထိခိုက်မှုမရှိပဲ Windows Admin ထဲကို ဝင်လို့ရပါတယ်။ ခါတိုင်းဆိုရင်တော့ Window XP password ကိုကျော်မယ်ဆိုရင် Safe mode ကနေ ပြီးတော့ ဝင်ဖျက်ရတယ်။
ဒီကောင်လေး ကတော့ safe mode ထဲကိုဝင်စရာမလိုပါဘူး။
ကဲ ပြောနေကြာတယ် စမယ်။.
၁) ဘာမှမရှိတဲ့ USB flash Drive တစ်ခုလိုပါမယ်။
သေသေချာချာ Format ချရပါ့မယ်။ ဘာဖိုင်မှ မရှိမှ အဆင်ပြေပါမယ်ဗျာ။
USB ကို Format ချမယ်ဆိုလျှင်ပေါ့ ဗျာ..ဒီ Software လေးကို သုံးရင်ပိုသေချာပါတယ်ခင်မျာ။
သုံပုံသုံးနည်းကတော့ ဖိုင်ထဲ က အပြာရောင် Setup ကို Run လိုက်ပါ ကျန်တာ ကတော့ ပုံပါအတိုင်းဆက်လုပ်သွားပါခင်မျာ။
ဒီတစ်ခါ အတိုချုပ်ပေးလိုက်တယ်ဗျာ
အောက်ကနေရာလေးတွေမှာ ဖိုင်ကို အဆင်သင့်ယူလို့ရပါတယ်ခင်မျာ။
ဒီနေရာမှာ Download လုပ်ယူပါ။
အပေါ်ကနေ Down မရရင် ဒီနေရာကနေ Download လည်းရပါတယ်။
အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်...Zip ဖိုင်လေးကိုဒေါင်းပြီးလျှင်တော့ စောစော က လူကြီးမင် Format ချထားတဲ့ USB flash drive လေးထဲမှာ Zip ကိုဖြေလိုက်ပါဗျာ။
ပြီးရင် တော့ ...ဖိုင်အားလုံး ကို Select လုပ်လိုက်ပါ ပြီးရင် right click ခေါက်လိုက်ပါ properties >>> ထဲရောက်ရင်တော့ General ထဲ က Hidden ဆိုတာလေး ကို marked လေးပေးပြီး Ok နှိပ်လိုက်ပါဗျာ..ပြီးရင် USB Flash Drive ထဲမှာ Right Click ခေါက်ပြီး Reflash လုပ်လိုက်ပါ.. ဖိုင်တွေ အားလုံး Hidden ဖြစ်သွားပါလိမ့်မယ်။
အကယ်၍ လူကြီးမင်း ရဲ့ USB Flash Drive က Memory တွေ ပိုသေး သပါ့ ဆိုရင်လည်း တစ်ခြား ဖိုင်တွေ Software တွေကို Memory ရှိသလောက်ထပ်ထည့်ထားလို့ရပါသေးတယ်ဗျာ။
အားလုံးပြီးသွားရင်...လူကြီးမင်ရေ...Window XP password ကို တော့ အေးဆေးပါပဲ။တစ်ခုတော့ ရှိတယ်ဗျ Windows မတတ်ခင်မှာ( Dell အမျိုးအစားတွေကတော့ ) F12 ကိုနှိပ်ပြီ Device Menu ကနေ ရွေးပေးရတယ် ဗျ...အဲလိုနှိပ်ပြီး USB Device ကိုရွေးပေးပြီး Enter သာခေါက်လိုက်ပါဗျာ...
ဒီအတိုင်း အဆင့်ဆင့် သွားပါလိမ့်မယ်....
ပထမ သူ loading လုပ်နေချိန်မှာ Enter ခေါက်လိုက်ပါ
ဒီအတိုင်းပေါ်လာပါလိမ့်မယ်ဗျာ။

ပြီး၇င် Enter ကိုဆက်ခေါက်လိုက်ပါ...ဒီပုံအတိုင်မြင်ရပါလိမ့်မယ်။

ခဏလေးစောင့်နေလိုက်ပါ။ စက္ကန့် 30 လောက်ကြာရင်တော့ Windows တတ်လာတာတွေ့ရပါလိမ့်မယ်။
Konboot က Window 7 , Window Vista တို့ကိုပါ ကျော်နိုင်တယ်လို့ ညွှန်းထားသေးတယ်။ ဒါပေမဲ့ ကျွန်တော်စမ်းကြည့်တာတော့ Window XP ပဲ ရတယ်ဗျ။

မိမိစက် Restart ခဏခဏကျတာ ဘာကြောင့်လဲ?
1.heat များနေခြင်း ။ ။ မိမိတို့ စက်သုံးတာ ကြာလာရင် Processor heat များတာတို့ ဖြစ်တက်ပါတယ်။ အဲဒီလို Heat များလာတော့ Processor မှာကပ်ထားတဲ့ ကော်ဖော်ကြွလာတာလဲ ဖြစ်တက်ပါတယ်။ ဒါကြောင့် မိမိ စက်ရဲ့ Heat ကို စစ်ဆေးသင့်ပါတယ်။ နောက်တစ်ခုကတော့ Cooling Fun တွေကောင်းမကောင်းစစ်ဆေးသင့်ပါတယ်။
2.နောက်ဖြစ်နိုင်ခြေကတော့ ကျွန်တော်တို့ Virtual Memory နည်းလာတဲ့အခါ handing ဖြစ်လာမယ်.ပြီရင် Processor ရဲ့ Speed ကိုထိုးကျသွားတက်ပါတယ်။
3.နောက်တစ်ချက် ဖြစ်နိုင်သေးတာကတော့ မိမိစက်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ Hardware တွေကိုသန့်ရှင်းရေး လုပ်ဆောင်သင့်သလို မိမိတို့ စက်ထဲမှ မလိုအပ်တဲ့ Service တွေကို သန့်ရှင်းရေးလုပ်ဆောင်ပါ။ (%tem%,prefetch,recent...........)
4.နောက်တစ်ခုလုပ်သင့်တာက Hard Disk ကို Error check လုပ်ဆောင်ပေးပါ။
5.နောက်လုပ်သင့်တာကတော့ မိမိစက်ကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားသင့်ပါတယ်။
6.နောက်ဖြစ်နိုင်တာကတော Virus ကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိ Anti-Virus ကို စစ်ဆေးသင့်ပါတယ်။ up to date ဖြစ်မဖြစ်။
7.နောက်တစ်ခု တစ်ခါတစ်လေ Software တွေညှီတာလည် ဖြစ်နိုင်ပါတယ်။ System Restore ပြန်ခေါ်ကြည့်ပါ။
8.မရတဲ့အဆုံး Windows ပြန်တင်ကြည့်လိုက်ပါ။
9.တစ်ချို့က ပြောကျတယ်။ Hard Disk ကြောင့်လို့။ Hard Disk နဲ့ မဆိုင်ပါဘူး။ အများဆုံးဖြစ်နိုင်တာက Heat နှင့် Virus ကြောင့်တာ အဖြစ်များပါတယ်။ ကျေးဇူးတင်ပါတယ် (ကျွန်တော်သိသလောက်သာ တင်ပြချင်ဖြစ်ပါတယ်)
10.BISO ပြဿနာလည်ဖြစ်နိုင်ပါတယ်။ နောက် ကျွန်တော်သူငယ်ချင်းဆိုဒ်မှာ တင်ထားတဲ့နည်းလေးကို တင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်း ချစ်တီး
သူနဲ့ပတ်သတ်လို့ကတော့
1 ) Recovery settings
2 ) Software incompatibilities, including driver issues
3 ) BIOS problems
ဆိုပီးတော့ Problems ( ၃ ) ခုရှိတယ်။
ကျွန်တော်အခု တစ်ခုပဲ ပြောပြနိုင်ပါတယ်။ တစ်ခုပဲနားလည်သေးလို့ပါ။
1 ) Recovery Settings
Computer ကို Right Click ပီးရင် Properties Option ကိုသွားပါ
အဲ့ဒါပီးရင် Advanced Tab ကိုသွားပါ။ ပီးရင် သူ့အောက်မှာရှိတဲ့ Setting သုံးခုထဲက
Startup and Recovery ရဲ့ Setting ကို Click ပါ။
Startup and Recovery dialog box ကျလာပါလိမ့်မယ်။
အဲ့ဒီမှာ Automatically restart ဆိုတာကို Uncheck ပေးလိုက်ပါ။
ပြီးရင်တော့ Ok တွေပေးလိုက်ပါ။
source:knowledge
Application တွေကို Portable ဖြစ်အောင် ဘယ်လို ဖန်တီးယူရမလဲ
portable software တစ်ခုဖြစ်လာဖို့အတွက်
(၁) win rar
(၂) universal Extractor နှစ်မျိုးရှိရပါမယ် . winrar ကတော့ လူတိုင်းနီးနီးမှာ ရှိကြမှာပါ . ဒါ့ကြောင့် မတင်ပေး တော့ပါဘူး . universal extractor ကိုတော့ တင်ပေးလိုက်တယ် . အောက်မှာ Download လုပ်လိုက်ကြပါ .
Download ifile.it ၊ Download multiupload
firefox 3.5.5 ကို portable လုပ်ပြလိုက်ပါ့မယ် .
လုပ်နည်း
(၁) ပေးထားတဲ့ win rar နှင့် universal Extractor နှစ်မျိုးလုံးကို install လုပ်ပါ
(၂) ကိုလုပ်ချင်တဲ့ program ကို right click ထောက်ပြီး အောက်မှာပြထားတဲ့ ပုံထဲအတိုင်း UniExtract to Subdir. ကိုရွေးလိုက်ပါ .
(၃) ပုံ-၂ ထဲကလို ဖိုင်တွေ ကျလာပါလိမ့်မယ် . အားလုံးကို select all ပေးလိုက်ပြီး Add to archive ကို နှိပ်လိုက်ပါ .
(၄) General >> compression methut မှာ Normal ထားပြီး Create SFX Archive မှာ အမှန်ခြစ်ပေးထားလိုက်ပါ .
(၅) Advanced >> SFX options ကို နှိပ်လိုက်ပါ .
(၆) Modes ကို နှိပ် >> unpack to temporary folder မှာ အမှန်ခြစ်ပေး ပြီး Hide all ကို ရွေးထားလိုက်ပြီး ok ပေးလိုက်ပါ .
(၆) ပြီးရင် General >> setup program ရဲ့အောက်က Run after extraction အောက်မှာyour program name .exe ပေးလိုက်ပါ . မိမိပြုလုပ်မယ့် program ရဲ့ နာမည်ကိုရေးပေးပြီး သူ့နောက်က .exe နဲ့ ဖိုင်နာမည်ကို ဆုံးပေးထား လိုက်ပါမယ် . အားလုံးပြီးသွားရင် ok ကို နှိပ်လိုက်ပါမယ် . နောက်ဆုံးပုံထဲကလို protable ကျလာပါလိမ့်မယ် . တစ်ဆင့်ချင်း လုပ်လိုက်ပါ . လွယ်ပါတယ် .

ဒါကတော့ နောက်ဆုံးရလာတဲ့ portable လေးပါ .

source:ညီနေမင်း

PCs, laptops Blue Screen Error ဖြေရှင်းနည်း။
BlueScreen Error ကအမျိုးမျိုးရှိပါတယ်..တချို့တလေ..က အပှုချိန်များလို့ Over heat ဖြစ်လို့..
Warming လဲဖြစ်တက်ပါတယ်..ပြီးနောက် Hard Disk ကို Check မလုပ်ပေးတာကြာလို့လဲ ဖြစ်နိုင်ပါတယ်..
ပြီးတော့ Windows ထဲက File တခုခုကို Virus ကိုက်သွားတာဖြစ်နိုင်ပါတယ်..ဆိုတော့..
widows ထဲကို ဒီ အကိုက်ခံရတဲ့ file ပြန်ထည့်ပေးရင်အဆင်ပြေနိုင်ပါတယ်.ဒီတော့ အကိုက်ခံရတဲ့ file လေး
ကို Blue Screen Error ထဲမှာ အထိအကျ ဖော်ပြပေးထားပါတယ်...ဆိုတော့..Blue Screen Error ကလဲ
အများကြီးရှိတဲ့ အတွက် ကျွန်တော်အမြဲကြုံတက်တဲ့ Blue Screen Error ဖြေရှင်းနည်းလေးပါ
ဒီထဲမှာ ဦးနှောက်အစားဆုံးနဲ့ ရွှာအလည်ဆုံးကတော့..ကျွန်တော်ကြုံဘူးတာရှိတယ်.. Laptop တွေမှာဖြစ်တာ
များမယ်လို့ထင်ပါတယ်.အထူးသဖြင့် Thailand က ၀ယ်တဲ့ Laptop မှာဖြစ်တာများပါတယ်..သူတို့က စီးပွားရေး
ဈေးကွက်မြင် Laptop တွေကို Windows တော့တင်ပေးလိုက်တယ်.ဒါပေမဲ့ ကိုယ့်က ပျက်လို့ဘဲဖြစ်ဖြစ်
Format ချခြင်တာဘဲ ဖြစ်ဖြစ်လုံးဝမရဘဲ ဒီ Blue Screen Error ဘဲပေါ်ပြီး Fail ဖြစ်ဖြစ်သွားတယ်.ကျွန်တော်
တညနှစ်ညလောက် အိပ်ရေးပျက်ခံပြီး Format လုပ်ပြီး Windows Install တာလုံးဝမရနိုင်ဘူး..ဒါကတော့..
သူတို့က File လေးတခုကို ဒီ Hard drive ထဲမှာထည့်ထားတယ်.လို့ဘဲထင်တယ်..ဒီ File လေးက
Format လုပ်လဲမပျက်ဘဲ... Recovery memory ဆိုပြီးရှိနေတာပါ..ဒီတော့..ကျွန်တော် နောက်ဆုံးအဆင်ပြေ
သွားတာတော့..ပြောပြရနည်းနည်းခက်တယ်.ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လဲ..နှစ်ခါဘဲ ကြုံရသေးတယ်.
ဒါပေမဲ့ နှစ်ခါလုံးတော့ ကျွန်တော် ရဲ့လုပ်ပုံလုပ်နည်းနဲ့တော့အဆင်ပြေပါတယ်.ဒါကတော့..ကျွန်တော်က
ဒီ Hard disk မှာရှိတဲ့ ဒီ File လေးကို ဖျတ်လိုက်တာပါ..ဒီဖျတ်တာကလဲ တကယ်မလွယ်ပါဘူး. ဒါပေမဲ့
Windows Cd လိုမျိုး၊ Active@boot disk creator စတဲ့ Software တွေကို အသုံးပြုပြီး..Disk ကိုသေသေချာချာ
ဒီအထဲမှာ ပြန်စစ်ကြည့်ပြီး အကြွင်းအကျန်ရှိနေတဲ့ file လေးတွေကို သေသေချာချာပြန်လိုက်ဖျတ်ရပါမယ်.
ဒါမှမရသေးဘူးဆိုရင် Partition ခွဲထားတဲ့ Disk ဖြစ်ရင် Disk ကို unallocated ဖြစ်သွားအောင်..Disk ကို
Format လုပ်၊ Partition ကို delete လုပ်ပေးပါ အဲဒါတွေအားလုံးကို လုပ်ဖို့ Option တွေက Active@Boot disk
creator ထဲမှာရှိပါတယ်.......................ဒီလိုဆိုရင် အဆင်ပြေသွားမှာပါ ဒီလိုမျိုး ကျွန်တော်ကိုယ်တိုင်နှစ်ခါ
ကြုံဖူးပြီးပါပြီး......................
ဒုတိယ အဖြစ်နိုင်ဆုံးကတော့ လွယ်လွယ်လေးပါဘဲ..Windows Xp,vista, 7 စတဲ့ အခုကိုယ်သွင်းဖို့လုပ်နေတဲ့
CD က မကောင်းလို့ဘဲဖြစ်ပါတယ်...
ဆိုတော့....ပြန်ပြီး..Windows CD ပြန် Burn တာမှမဟုတ်...ပြန် Download လုပ်ပြီး CD နဲ့ Burn လုပ်ရင်
အဆင်ပြေမှာပါ......တာမှမဟုတ် Windows CD အသစ်ပြန်ဝယ်ဖို့လိုပါပြီး
NOTE: ၁)ဆိုတော့ ဒီလို Blue Screen Error ပေါ်ပြီးဆိုရင် restart တခါနှစ်ခါလုပ်ပြီးပြန်စမ်းကြည့်ပါ..
ဒီလိုစမ်းလို့မှာ Blue Screen Error ပြန်မပေါ်လာဘဲ Desktop ပေါ်လာတယ်ဆိုရင်
Drive C တို့ D တို့ကို Run ကနေ Cmd လို့ရိုက် ok ပြီး C: ကိုရိုက်ပြီးတော့ Enter ပြီးတော့
C:\>chkdsk /f ကိုရိုက်ပြီးတော့ Y အကြီးကိုရိုက်ပြီးတော့ enter ဆိုပြီးတော့.Disk ကို check up လုပ်ပေးလိုက်ပါ။
၂) ဒီလို restart နှစ်ခါလောက်ပေးတဲ့အထိ Blue Screen error ဘဲပေါ်တယ်ဆိုရင်တော့...windows CD ထည့်ပြီး Format ချလိုက်ပါ...ဒီလို Format ချတဲ့အချိန်မှာ ပင်လျှင် Blue Screen error ထက်ပေါ်လာခဲ့၇င် CD မှာပြသာနာ ရှိနေပြီးဖြစ်တဲ့ အတွက် ဆိုတော့..ပြန်ပြီး..Windows CD ပြန် Burn တာမှမဟုတ်...ပြန် Download လုပ်ပြီး CD နဲ့ Burn လုပ်ရင် အဆင်ပြေမှာပါ....တာမှမဟုတ် Windows CD အသစ်ပြန်ဝယ်ဖို့လိုပါပြီး
၃) ဒီလိုမျိုး..windows CD ကိုအသစ်လဲ၊ အသစ် Burn ပြီးလုပ်တာမှ မကောင်းဘဲ Blue Screen Error ပေါ်ရင် အပေါ်ဆုံးကနည်းလမ်းအတိုင်းသာပြုလျှင်အဆင်ပြေမိဖြစ်ပါကြောင်း...ကိုယ့်တွေ့ဦးနှောက်
ခြောက်ခဲ့သော ပြသာနာပါ............
အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
SBSangpi(စံပီး)

Tuesday, April 3, 2012
Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ
ဒီပိုစ့်ကို
တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့
အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့
အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို
Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့ ဒီနေ့မှ
ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက်
ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။
အရင်ဆုံးသိထားရမှာက
Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင်
ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။
Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup
လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်..
လိုအပ်တဲ့သူများ ဒီလင့်ကနေ
ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup
လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup
လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း
ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems
ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း
ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll
ဖိုင်မျိုး၊ .inf ဖိုင်မျိုး) ဖိုင်လေးကို မိမိတို့ Driver Backup
လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ..
ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ
ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင်
အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့
စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။
အဲလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ မိမိတို့ကိုယ်တိုင် Google မှာ
စာရိုက်ပြီး မိမိတို့စက်ရဲ့ Model နဲ့ Driver Free Download
ဆိုပြီးလိုက်ရှာပေတော့..။ အဲဒီအခါကျရင်တော့ ခေါင်းတွေလည်း ပူထူပြီသာမှတ်..
ဘာလို့လဲဆိုတော့ စာတွေအများကြီးဖတ်ရလို့.. တဆိုဒ်ပြီး တဆိုဒ် မရမချင်း
လိုက်ရှာရတဲ့ အတွက် ခေါင်းပါကိုက်လာတာပါ.. ဒါက Model ဟောင်းသွားတဲ့
စက်တွေအတွက်.. (Windows XP, Windows Vista ခေတ်ကစက်တွေကို) Windows7
တင်ပေးမိလို့ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒုက္ခလေးတွေကို
လမ်းကြုံတုန်း ပြန်လည်ပြောပြတာပါ..။ အဲတော့ နောက်ပိုင်းသိလာတာက Windows XP,
Windows Vista ခေတ်ကစက်တွေကို Windows7 တင်မပေးတော့ပါဘူး.. XP ဆို XP,
Vista ဆို Vista အဲဒီဝင်းဒိုးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်..။ အရမ်းကို
Windows7 သုံးချင်နေတဲ့သူမှပဲ 7 တင်ပေးလိုက်တယ်..။ အခုနောက်ပိုင်းတော့
အဲလို စက်အဟောင်းတွေအတွက် Drivers တွေအဆင်ပြေအောင် ဖရီးထုတ်ပေးထားတဲ့
ဆိုဒ်တခုကို တွေ့ခဲ့လို့.. အဲဒီဆိုဒ်က ပေးသုံးတဲ့ Drivers
အားလုံးနီးပါးအတွက် DVD တချပ်စာနီးပါး 3 GB ကျော်ရှိတဲ့ ဆော့ဝဲလ်ခွေနဲ့
စက်အဟောင်း တော်တော်များများရဲ့ Drivers ပြဿနာကို အဆင်ပြေခဲ့ပါတယ်..။
လိုအပ်တဲ့သူများရှိခဲ့ရင် အဲဒီဆိုဒ်ကို ကျနော်ပြန်ရှာပြီး
အဲဒီဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် ပြန်လည်တင်ပေးပါအုန်းမယ်..။ အခုတော့
စာလည်းရှည်နေပြီ.. ဒီပိုစ့်ကို ဆက်ရအောင်..
Driver
Backup နဲ့ Restore လုပ်တာဟာ Model အဟောင်းပဲ ဖြစ်ဖြစ်၊ Model
အသစ်ပဲ ဖြစ်ဖြစ် ဒီလိုပြဿနာတွေ ကြုံတတ်ပါတယ်..။ မူရင်း Driver
ခွေနဲ့ဆိုရင်တော့ အားလုံးအဆင်ပြေနိုင်ပါတယ်..။ တကယ်လို့ မိမိတို့စက်က
Windows7 ခေတ်မှာ ထုတ်တဲ့စက်ဆိုရင်တော့ မိမိတို့စက် အမျိုးအစားရဲ့ မူရင်း
ဝဘ်ဆိုဒ်မှာ မိမိတို့ စက်ရဲ့ Model နဲ့ Drivers တွေကို ဖရီးဒေါင်းယူလို့
ရနိုင်ပါတယ်..။ စက်အများစုက အခုနောက်ပိုင်း
ဒီလိုဝန်ဆောင်မူ့တွေပေးလာပါတယ်..။ သူ့တို့ရဲ့စက်ကို လူကြိုက်များ၊
လူသုံးများအောင်လို့ပါ..။ ဒါကတော့ ဗဟုသုတအနေနဲ့ Drivers တွေကို
မူရင်းဆိုဒ်တွေမှာ ဖရီးဒေါင်းယူလို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။
အခုဒီပိုစ့်မှာ
ဝင်းဒိုးတင်ပြီးတဲ့အခါ
Drivers တွေ ပြန်ထည့်တတ်အောင် အောက်ကပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
ရှားရှားပါးပါး တချို့စက်တွေကတော့ ဝင်းဒိုးဘယ်နှခါတင်တင် Drivers တွေ တခုမှ
ပျောက်မသွားပါဘူး.. အဲလိုစက်မျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်..
ဝင်းဒိုးတင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး
ဝင်းဒိုးမတင်ခင် Driver Backup လုပ်ထားတဲ့သူများအတွက်
မိမိတို့ပြုလုပ်လိုက်တဲ့ Driver Backup ဖိုင်ထဲမှာ အောက်က ၄ပုံမြောက်ပုံမှာ
အမှန်ခြစ်လေးတွေနဲ့ ပြထားသလို အဓိက လိုအပ်တဲ့ Drivers တွေပါမပါ..
ဝင်းဒိုးမတင်ခင်မှာ အရင်စစ်ဆေး ကြည့်ရမှာပါ..။ အဲဒီဖိုင်တွေ မပါခဲ့၊
မစုံခဲ့ရင် နောက်တခါထပ်ပြီး သေချာအောင်၊ အဲဒီဖိုင်တွေစုံအောင် Driver
Backup ပြန်လုပ်လိုက်ပါ..။ အားလုံးအစုံသိမ်းပြီးမှ အဲဒီသိမ်းလိုက်တဲ့
ဖိုင်ကို USB Pendrive တွေထဲ၊ Partition အပိုင်းတွေထဲမှာ နေရာခွဲပြီး
သိမ်းထားပြီးမှ စက်ကို ဝင်းဒိုးအသစ်တင်ပါ..။ အောက်ကပုံကတော့ ဝင်းဒိုးအသစ်
တင်ပြီးသွားတဲ့ အခါ Drivers တွေမစုံခင် မြင်ရတဲ့ ပုံလေးပါ.. Driver Restore
လုပ်နည်းကို နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
Driver Back ဖိုင်ထဲမှာ
Drivers တွေစုံမစုံ အပေါ်ပုံအတိုင်း အဓိကလိုအပ်တဲ့ ကောင်လေးတွေကို
အမှန်ခြစ်လေးတွေနဲ့ ပြထားပါတယ်..။ ဝင်းဒိုးမတင်ခင်
အရင်ဖွင့်ကြည့်လိုက်ပါ.. အောက်ကပုံကတော့ Desktop မှာ Computer
ပုံလေးပေါ်အောင် လုပ်ပြပေးလိုက်တာပါ..။ မသိသေးတဲ့သူများအတွက်ပါ..။ R/C ဆိုတာ
Right Click ထောက်ပါလို့ ဆိုလိုတယ်ဆိုတာကို ကျနော့်ဆီမှာ အမြဲလာကြည့်နေတဲ့
သူငယ်ချင်းတွေကတော့ သိနေလောက်ပါပြီ..
ပြီးရင်တော့
Drivers တွေရှိတဲ့ နေရာကို အောက်ကပုံလေးအတိုင်း ဖွင့်ပြီး
ဝင်သွားလိုက်ပါ..။ အောက်ပုံ 4 နေရာမှာ မြင်နေရတဲ့ အတိုင်း အဝါရောင်
အတုံးလေးတွေ ပေါ်နေရင်.. အဲဒီကောင်လေးတွေမှာ Drivers တွေမရှိလို့ ၊
Drivers တွေ လိုအပ်နေလို့ပါ..။ ဒါကြောင့် အဲလို အဝါရောင်
အတုံးလေးတွေ ပေါ်နေတဲ့ စာကြောင်းလေးတွေပေါ်မှာ Right Click ထောက်လိုက်ပါ..
လိုအပ်နေတဲ့ Drivers တွေနေရာမှာ VGA
ဂရပ်ဖစ်နေရာက လွဲလို့ တခြားနေရာတွေမှာ အဝါရောင်
အတုံးလေးတွေ ပေါ်နေပါလိမ့်မယ်.. အောက်ကပုံကတော့ VGA နေရာမှန်း သိရအောင်
အဝါရောင်လေး ထည့်ပြထားတာပါ..။
စပါပြီ.. အောက်ကပုံလေးအတိုင်း
လိုအပ်နေတဲ့ Driver အတွက် အဝါရောင် အလုံးလေးပေါ်နေတဲ့ စာကြောင်းလေးပေါ်မှာ
Right Click ထောက်ပြီး အနီဝိုင်းပြထားတဲ့ Update Driver Software.. နေရာကို
တချက်ကလစ်လိုက်ပါ.. နောက်ထပ်ပေါ်လာတဲ့ ပုံလေးတွေကို အောက်မှာ ပြထားတဲ့
အတိုင်း အဆင့်ဆင့်နှိပ် သွားပေးလိုက်ပါ..။
အပေါ်ပုံကတော့ ကျနော်သိမ်းထားခဲ့တဲ့
Drivers တွေကို မျှားပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားပြီး အဲဒီဖိုင်လေးကို
သွားရွေးပေးလိုက်တာပါ.. ဒီနေရာမှာသိရမှာက မိမိတို့ သိမ်းထားခဲ့တဲ့ Driver
Backup ဖိုင်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ မှတ်ထားပြီး.. ဒီအဆင့်မှာ
သွားပြန်ရွေးပေးရမှာပါ..။ မူရင်း Driver ခွေရှိတဲ့သူများကတော့ CD/DVD Drive
ရှိတဲ့နေရာကို ဒီအဆင့်မှာ ညွှန်ပြပေးရမှာပါ..။ အောက်ကပုံကတော့ ကျနော်
Driver Backup ဖိုင်ရှိတဲ့ လမ်းကြောင်းလေးကို ညွှန်ပြပေးထားလို့
ပုံမှာမြင်ရတဲ့အတိုင်း လမ်းကြောင်းလေးပေါ်နေပါပြီ.. ပြီးရင်တော့ Next
ကိုကလစ်ပါ..
အောက်ကပုံလေးတွေ အတိုင်း ပေါ်နေရင် ခဏစောင့်နေပေးလိုက်ပါ...။
အပေါ်ပုံအတိုင်း Successfully စာသားနဲ့
ဘောက်စ်ထပ်ပေါ်လာရင်တော့ ကျနော်ထည့်လိုက်တဲ့ Driver တခု အောင်မြင်စွာ
စက်ထဲကို ရောက်သွားပါပြီ..။ သူ့နေရာနဲ့ သူ့ Driver နဲ့ တခုတော့
အိုကေသွားပါပြီ.. အောက်က Driver ရောက်သွားတဲ့ ပုံနဲ့ အပေါ်ပိုင်းက Driver
မရှိသေးတဲ့ ပုံကို ၂ခုယှဉ်ကြည့်နိုင်ပါတယ်..
ပြီးရင်တော့ Driver လိုအပ်နေတဲ့ နောက်ထပ်တခုကို အပေါ်ကပုံတွေအတိုင်း ထပ်လုပ်လိုက်ပါ..
ဒီအောက်ကပုံကတော့ VGA ဂရပ်ဖစ် Driver
ကို အပေါ်က ပုံတွေအတိုင်း Install
ဆွဲထည့်ပြီးတဲ့အခါ အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်လို့
Restart ကျသွားပြီး ဝင်းဒိုးပြန်တက်လာရင်တော့ မိမိတို့ရဲ့ စက်မှာ ဂရပ်ဖစ်
Driver အလုပ်လုပ်ပါပြီ..
ဝင်းဒိုးပြန်ပွင့်လာရင်တော့ ဂရပ်ဖစ်နဲ့
တခြား Driver တွေ စုံသွားပြီ ဖြစ်တဲ့ အတွက် အောက်ကပုံမျိုး Sleep တို့၊
Hipernate တို့ စာသားတွေ ပေါ်လာပါပြီ..။
မိမိတို့
ကွန်ပျူတာကို Driver တွေ စုံမစုံ သိချင်သေးတယ် ဆိုရင်တော့ အပေါ်ဆုံးက
ပုံတွေအတိုင်း Computer >> Right Click >> Manage >>
Device Manager အထိ အဆင့်ဆင့် ဖွင့်ဝင်သွားလိုက်ရင်
အပေါ်က အောက်ဆုံးပုံအတိုင်း ကျနော့်စက်မှာ မြင်ရတဲ့ အတိုင်း Driver တွေ
စုံနေတာကို တွေ့ရပါပြီ.. ဒီလောက်ဆိုရင်တော့ Drivers တွေကို
Restore ပြန်လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်ဗျာ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍
အဆင်ပြေကြပါစေ..
မူရင်း ။ လွင်မင်းဗိုလ်
Subscribe to:
Posts (Atom)
Popular Posts
-
Windows Phone အသုံးပြုသူတွေ Windows Phone ပေါ်ကနေ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို Text Message ပေါ်ကနေ သင့်သူငယ်ချင်းအပေါင်းအသင်းတွေဆီ...
-
YouWave Android Home 4.0.2 crack Playing with the Android emulator on your computer is a pretty geeky endeavor, but YouWave mak...
-
Windows Phone အသုံးပြုတဲ့သူတွေအတွက် သူငယ်ချင်းတို့အသုံးပြုတဲ့ PCနဲ့ Windows Phone ကို ချိတ်ဆက်ဖို့ အတွက် ဒီအတိုင်းချိတ်ဆက်တယ်ဆိုရင် ဘယ...
-
Software ကို Install ပြီးရင် ပေးထားတဲ့ Patch ဖိုင် copy ယူ C/Program Files/CyberLink/PowerDVD13 ထဲ paste ချပါ။ patch ...
-
A lot of people thought that if Windows Phone 7 failed to make an impact in the smartphone market, this might spell the end of Microsoft’s ...
-
mediafire RarPassword : phonemyintkyaw Windows 8 သမားအတွက် အဆင်ပြေဆုံး Activator တခုလို့ပြောရမှာပဲ။တခြား Activator နဲ့အဆ...
-
Nokia X, X+ and XL များကို root ဖောက်ခြင်း Play Store & Google Now Launcher ထည့် ကြမယ် နန်းကျဘုရင် nokia ရဲ့ တစ်ကျော့် ပြန်ခရီးဆိ...
-
Download Manager Download Bazar Fast Download Manager Loader Droid Easy download manag...
-
WinDriver Ghost Enterprise Edition v3.02.2996 Multilingual Incl Serial