Friday, June 1, 2012

ကိုမျိုးသူရရေးတဲ့ Easy Computer Basic စာအုပ် (မြန်မာလို)



ကဲ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေလို့ ပထမဦးဆုံး ဆုတောင်းပေး လိုက်ပါတယ်. နေတော့ ကောင်းသင့်သလောက် ကောင်းသွားပေမယ့် အိပ်ရေး ပျက်တာ များသွားတာရယ်ကြောင့်မို့ နှလုံးအရမ်းအားနည်းနေပါသေးတယ်. မနေ့ညကပဲ 11 ခွဲလောက်မှာ အရမ်းမောလာလို့ ဆေးသွားထိုးရပါတယ်. ကျွန်တော့်အတွက် စိတ်ပူပေးကြတဲ့ သူတစ်ချို့ကို ကျေးဇူးတင်ပါတယ်. အထူးသဖြင့် ??? ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်. ကျွန်တော်အခု နည်းနည်း သက်သာတာနဲ့ စာအုပ်တွေ တင်ပေးလိုက်ပါတယ်. အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်. ဒီစာအုပ်က ကိုမျိုးသူရ ရေးတဲ့ လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ ဆိုတဲ့ စာအုပ်ကလေးပါ. မရှိတဲ့သူများ Download လုပ်လိုက်ကြပါ. 

Minus | Ifile | Mediafire

Adobe Premiere Pro CS5 အသုံးပြုနည်း (မြန်မာလို)



ကဲ video editing သမားများအတွက် ကျွန်တော် Adobe premiere Pro cs5 ကိုအသုံးပြုပြီး တည်းဖြတ်နည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်. . အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်. video editing အတွက် စာအုပ်နှစ်အုပ် ဒီနေ့ တင်ပေးလိုက်ပါ့မယ်။ နှစ်အုပ်စလုံးကို ဖတ်ပါ။ ပထမစာအုပ်ကို ဖတ်ပြီးမှ Adobe premiere Pro cs5 စာအုပ်ကို ဖတ်ပေးပါ။ သဘောတရားတွေကတော့ အားလုံးဟာ အတူတူချည်းပါပဲ။ Tools တွေသာ ပိုများလာပြီး။ တစ်ချို့လုပ်ဆောင်ချက်ချင်း မတူတဲ့ အချက်တွေသာ ကွဲပြားသွားတာပါ။ user တစ်ယောက် ဖြစ်လာဖို့ လွယ်ကူပေမယ့်. Professional user တစ်ယောက် ဖြစ်လာဖို့ကတော့ မလွယ်ကူဘူးလို့ပဲ ပြောပါရစေ။ Professional user တစ်ယောက် ဖြစ်လာဖို့အတွက် Video editing software တော်တော်များများနှင့် ရင်းနှီးကျွမ်းဝင်ထားရင် ပိုကောင်းပါတယ်။ ဒါမှ တစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်မှု့၊ အားသာချက်၊ အားနည်းချက်တွေကို သဘောပေါက် လာမှာဖြစ်ပါတယ်။ ကဲ အဆင်ပြေမယ်ဆိုရင် လိုချင်တဲ့သူများအောက်မှာ Download လုပ်ယူနိုင်ပါတယ်.

Minus | Ifile | Mediafire

ဦးဇော်လင်း ရေးသားထားတဲ့ Computer Lessons For Hight School စာအုပ် (မြန်မာလို)



အထက်တန်းကျောင်းသား/သူများ အတွက်လို့ ဆိုပေမယ့် အခုမှ လေ့လာကြတဲ့ လူငယ်များအတွက်တော့ မဖြစ်မနေ ဖတ်ထားသင့် လေ့လာထားသင့်တဲ့ စာအုပ်ကလေးပါ။ အတော်လေးကောင်းပါတယ်။ အခုမှ လေ့လာတဲ့သူများအနေဖြင့် ပထမဦးဆုံး စလေ့လာရမှာကတော့ အခြေခံပိုင်းအတွက် ရေးသားထားတဲ့ စာအုပ်တွေကို အရင်ဆုံး စဖတ်ပြီး လေ့လာရမှာပါ။ ဒါမှသာ အခြေခံသဘောတရား တွေကို သိလာပြီး ဒီ့ထက်မြင့်တဲ့ စာအုပ်တွေကို ဖတ်လာနိုင် မှာပါ။ ဟိုလာလေ့လာလိုက် အပေါ်ယံလောက်၊ ဒီဟာကောက်ဖတ်လိုက် ပြီးပြီးရော ဆိုရင်တော့ မျောက်သစ်ကိုင်း လွတ်သလိုပဲ ဖြစ်နေမှာပါ။ အောက်ပြုတ်ကျတတ်ပါတယ်. အားလုံးအဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ။

Minus | Mediafire | ifile.it

ကိုဝင်းဟိန်းရေးသားသော Android application ဆိုင်ရာ ရေးသားဖန်တီးနိုင်မှု့ အခြေခံသဘောတရားများ (မြန်မာလို)



ကဲ android mobile ဖုန်းတွေ သုံးနေတဲ့သူများရော မသုံးသေးတဲ့ သူများပါ လေ့လာထားသင့်ပါတယ်။ ဒီစာအုပ်မျိုးကို ဖုန်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ သူများရော လုပ်ဖို့ ရည်မှန်းထားတဲ့ သူများပါ လေ့လာထား သင့်ပါတယ်။ ဒါမှသာ တစ်ခြားဖုန်းတွေရဲ့ သဘောတရားကိုလည်း နားလည်လာမှာ ဖြစ်ပါတယ်။ အကြောင်းအရာတိုင်းဟာ လွယ်ကူကြတယ်လို့ ထင်ရပေမယ့် တကယ်တမ်း လက်တွေ့ လုပ်ကြည့်ပါ။ အမှားတွေနဲ့ အခက်အခဲတွေ မလွှဲမသွေ တွေ့ကြုံရတတ်ပါတယ်။ အဲ့လိုအခါကျမှ ဟူး ကြည့်တော့သာ လွယ်တာ လုပ်ရတာ မလွယ်ပါလား ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ စာအုပ်ကိုချည်းပဲ ဖတ်နေရင်တော့ စာပဲဦးနှောက်ထဲကို ရောက်သွားမှာဖြစ်ပြီးတော့ လက်တွေ့လေ့လာမှု့ မရှိရင်တော့ အချည်းနှီးပါပဲ။ အဲ့တော့ စာတွေ့နဲ့ဖတ် လက်တွေ့နဲ့ တစ်ကယ်လုပ်ကြည့်လိုက် ဒါဆိုရင် သဘောတရား ဆိုတာ ဦးနှောက်ထဲကို အလိုလို ရောက်လာမှာပါ။ အားလုံး အဆင်ပြေကြ လိမ့်မယ် လို့ မျှော်လင့် ပါတယ်။ လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ။

Ifile | Mediafire | Minus

လွယ်ကူတဲ့ Power director video editing စာအုပ် (မြန်မာလို)












Minus
| ifile | Mediafire

မိမိသုံးခဲ့တဲ့ password, product key and serial keys များကို ရှာပေးမယ့် Spotmau Windows Password & Key Finder (v-6.0.1.3)

  • ဒါကတော့ မိမိကွန်ပျူတာမှာ သုံးခဲ့ဖူးတဲ့ username and password, Microsoft product key, window license key စသည်တို့ကို ပြန်ပြီး ရှာပေးနိုင်တဲ့ Spotmau Windows Password & Key Finder 6.0.1.3 နဲ့ မိတ်ဆက်ပေးပါ့မယ်. ရှာပေးနိုင်တာတွေကတော့ email password, Msn password, gmail password, yahoo messenger password, outlook express (or) Thunderbird စတာတွေရဲ့ password တွေကိုလဲ ပြန်ရှာပေးနိုင်ပါတယ်. ကဲဒီလောက်ဆိုရင် ဘာတွေကို လုပ်ပေးနိုင်တယ်ဆိုတာကို သိလောက်ပြီလို့ ထင်ပါတယ်။ 
အထဲမှာ license version ဖြစ်ပြီးသား sotware တွေရဲ့ key တွေကိုလည်း ရှာပေးနိုင်ပါတယ်. လိုအပ်တဲ့ သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ်. ဘယ် software မဆို size သေးသေးလေးဘဲ နောက်မှ ဆွဲလဲ ရတာပဲဆိုပြီး နေလိုက် တကယ့်တကယ် လိုလည်းလိုအပ်ရော ဘယ်နားက ရှာရမှန်း၊ Download လုပ်ရမှန်း မသိတော့ဘူး။ အဲ့ဒီ့တော့ လုပ်ထားသင့်ပါတယ် လို့ပဲ တိုက်တွန်းလိုက်ပါတယ်။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Minus | Mediafire | Ifile

Sony Ericsson PC Suite





 အခုတင်ပေးလိုက်တဲ့ Sony Ericsson PC Suite ကို အရင်ဆုံးတင်ပြီးတော့မှ ကိုငယ်ချော ဖုန်းကို ချိတ်လိုက်ပါ. အဲ့ဒါဆိုရင် ကိုငယ်ချော ဖုန်းကို အလိုလို သိသွားပါလိမ့်မယ်။ Sony Ericsson PC Suite ထဲမှာ လိုချင်ရင် theme တွေနဲ့ တစ်ခြား application တွေကိုပါ download လုပ်လို့ရပါတယ်. data တွေကိုလည်း transfer လုပ်လို့ရပါတယ်.

အခုတင်ပေးလိုက်တာကတော့ Sony Ericsson ဖုန်းနှင့် အင်တာနက်ကို(dial up) ချိတ်ဆက် အသုံးပြုချင်တာပဲဖြစ်ဖြစ်၊ ဖုန်းထဲက data တွေကို ကွန်ပျူတာထဲကို သွင်းချင်တာပဲဖြစ်ဖြစ်၊ မိမိဖုန်းနှင့် ကိုက်ညီမည့်  software တွေ၊ theme တွေကို download လုပ်ချင်တာပဲဖြစ်ဖြစ် အခု Sony Ericsson PC Suite ကိုတော့ မသုံးမဖြစ် သုံးရမှာ ဖြစ်ပါတယ်. အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ Sony Ericsson Phone ကိုင်သမားများ လိုချင်ရင် အောက်မှာ ယူလိုက်ပါ။


Download ifile.it | Download mediafire | Download Mirrorcreator

Popular Posts

Related Posts Plugin for WordPress, Blogger...