Tuesday, August 28, 2012

Samsung Galxy Seriesဖုန်းတွေတိုင်း အတွက် မြန်မာဖောင့်သွင်း လို့ အဆင်ပြေပါတယ်





အောက်မှာ Download Link ရှိပါတယ်
Myanmar Font for All Samsung Glaxy Series 
ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကိုMemory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Filesထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ်MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကိုinstall လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာMessage boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ် ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboardကိုရွေးပြီး ရင်မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

စမ်းသုံးကြည့်ကြပါ ။ ပျော်ရွှင်နိုင်ကြပါစေ။

HKEY_CURRENT_USER အကြောင်း



ကွန်ပျူတာပိုင်းမှာ star manu အောက် run box ဆိုတာကွန်ပျူတာ တလုံး၏ အဓိက ထိန်းချုပ်ရာ ရပ်ဝန်တယ်...


Run Box မှာ regestiry ကို ရိုက်ထည့်လိုက်ပါမယ်...။

 

regedit Box တခု တတ်လာလိမ်မယ်။

အဲဒီမှာ HKEY_CURRENT_USER ကို တွေ့တာနဲ့  HKEY_CURRENT_USER ကို နှိပ်ဖွင့်လိုက်ပါ

ထို့နောက်..


 Control panel ဆိုတာကိုတွေ့ပါမယ်..... အဲဒါထပ်ပြီး နှိပ်ဖွင့်လိုက်ပါ


  












Desktop ကိုတွေ့ပါလိမ့်မယ်.... 

ကယ်အခုမှ တကယ်လုပ်ငန်စပါတော့မယ်...

Desktop ကိုနှိပ်ပြီးတာနဲ့ HunnAppTime ကို ရှာပါ တွေ့တာနဲ့ တန်ဖိုးကို 1000 လို့ပေးလိုက်ပါ ....

ထို့နောက် MenuShowDelay ကို ရှာပါ တွေ့တာနဲ့တန်ဖိုးကို 1 လို့ပီးပါ။

အောက်ကဟာတွေကိုလည် အထက်ပါအတိုင်းပြုလုပ်သွားပါဗျ...

WaitToKillAppT….. ကို 1000 လို့ပြောင်းပေးပါ။

WaitToKillServi….ကို 1000 လို့ပြောင်းပေးပါ။

အားလုံးပြောင်းပြီးပါက ပြီးပါပြီးအဓိပ္ပါယ်က တခြားမဟုတ်ပါ။ ကွန်ပျူတာကို ထိန်းသိမ်းရေးပိုင်းမှာ အလုပ်လုပ်နှုန်းကို ပြန်ညှို ရခြင်းဖြစ်ပါတယ်...အလုပ်ပုံမှန်အတိုင်းပဲလုပ်ဆောင်ပါလိမ်မယ်။ မြန်လားပါလိမ်မယ်။

Realtek High Definition Audio drivers





အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .

Realtek High Definition Audio drivers for Vista and Windows 7 (32/64 bits).


minus.၌Download ဆွဲပါ

mediafire၌Download ဆွဲပါ

မည်သည့် Driver လိုချင်အကုန်ရှာဖွေနိုင်ပါတယ်




                                            
Dell D500 window XP အတွက် Driver လိုချင်လို့ ဆိုပြီး တောင်းထားတာ ရှိပါတယ် .. အဲ့ဒါနဲ့ ကျွန်တော်လိုက်ရှာ ကြည့်ရင်းနဲ့ အခုဆိုဒ်လေးကို သွားတွေ့ ပါတယ် .. ဒီဆိုဒ်လေးမှာ မိမိတို့ Latop တွေနဲ့ Motherboard တွေရဲ့ Company အမျိုး အစားအလိုက် လိုအပ်တဲ့ Driver တွေကို အလွယ်တကူ ရှာဖွေနိုင်တာ သွားတွေ့ရပါတယ် .. ဒါကြောင့် တစ်ခြား Driver လိုအပ်တဲ့ သူတွေ ရှိရင်လည်း အလွယ်တကူ ရှာလို့ရအောင် ကျွန်တော် ဒီဆိုဒ်လေးမှာ မိမိတို့ လိုအပ်တဲ့ Driver တွေကို ဘယ်လို Download ချလို့ရမလည်း ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


အရင်ဆုံး မိမိတို့  လိုချင်တဲ့ Driver တွေကို အလွယ်တကူ ဒေါင်းလော့ ချနိုင်ဖို့အတွက် အောက်မှာ ပေးထားတဲ့ ဆိုဒ်လေးကို သွားလိုက်ပါ ..အဲ့ဒီဆိုဒ်လေးကို ရောက်ပြီဆိုရင်တော့ မိမိတို့ လိုချင်တဲ့ အမျိုးအစားအလိုက် Driver တွေကို ဘယ်လို ရှာလို့ ရမလည်း ဆိုတာကို အောက်မှာ ဆက်ပြပေးထားပါတယ် ..
http://www.nodevice.com/
အပေါ်မှာ ပေးထားတဲ့ ဆိုဒ်လေးကို ရောက်ပြီဆိုရင်တော့ အောက်ကပုံလေး အတိုင်း တွေ့ရပါလိမ့်မယ် .. ပြီးရင်တော့ Categories အောက် Company ကိုသွားလိုက်ပါ ..

















ဒီလောက်ဆိုရင်တော့ အားလုံးပဲ မိမိတို့လိုအပ်တဲ့ Driver ကို လွယ်လွယ် ကူကူနဲ့ ရှာလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ်
ကိုကောင်လေးငယ်ဆီကနေယူလာပေးတာပါ လိုအပ်တဲ့သူတွေအတွက်အဆင်ပြေအောင်လို့ ပါ.....

Sunday, August 26, 2012

CPU 32 BIT / 64BIT ဆိုတာဟာ???



CPU ဆိုတာနဲ့ အကြမ်းအားဖြင့်databus(dataတွေကိုသယ်နိုင်တဲ့လမ်းကြောင်း)နဲ့ width (ဒေတာကိုသယ်နိုင်တဲ့ လမ်းကြောင်းရဲ့ ပမာဏ) တို့နဲ့တိုင်းတာပါတယ်။ ထို data bus မှာလဲ Intertnal data bus နဲ့ external data bus ဆိုပြီးနှစ်မျိုးရှိပါတယ်..internal data bus ရဲ့ တစ်ကြိမ်မှာ သယ်နိုင်တဲ့နှုန်းကို bit နဲ့တိုင်းတာပါတယ်။ 32 bit ထက်စာရင် 64bit က ပိုမြန်မှာ ပါ။တစ်ခါ external data bus ကိုတော့ အများသိတဲ့အတိုင်း front sidebusလို့ခေါ် ပါတယ်။
ယနေ့အသုံးပြုနေတဲ့ကွန်ပျူတာတိုင်းကexternal databus ကို 64 bit နဲ့အလုပ်လုပ်ပါတယ်။ တစ်နည်းအားဖြင့် prosser နဲ့ memory chpiset ( north gate) တွေဟာ data တွေကို အပြန် အလှန် 64 bit စီ One cycle per clock ကိုသယ်ဆောင်နိုင်ကျပါတယ် အဲဒီလို64bitနဲ့အလုပ်အ လုပ်သော် လည်း တစ်ကယ် 64 bit processor မဟုတ်ပါ ဘူး။external databus (cpuနဲ့ memory chipset ကြား) 64 bit နဲ့ အလုပ်မလုပ်ပေမယ့်သူက Internal data bus (cpu ထဲမှာ အလုပ်လုပ်) တာကျတော့32 bit ပဲအလုပ်လုပ်ပါတယ်။

ဟိုအရင် 386 မှ Pentium4 ထိprocessor တွေက 64 bit processor မဟုတ်ပါဘူး။ အပြင်ပန်းက 64 bit အလုပ်လုပ်ပေမယ်.့အထဲမှာတော့ 32 bit ပဲအလုပ်လုပ်ပါတယ်..intel itenium/EM64T /AMD (Opteron)နဲ့ Athelon 64 စတဲ့နောက်ပိုင်း processor တွေသာလျင် 64 bit processo r ဖြစ်ကြပါတယ် ။..64bit propessor ကို 64bit operating system နဲ့သုံးမှ သာစွမ်းဆောင် ရည်အပြည့်ရမှမို့လို့ 64 bit OS တွေပါထုတ်လုပ်လာကြ ပါတယ်..64 bit processor မှာ 64 bit Architecture နှစ်မျိုးရှိပါတယ်.. ………ပထမတစ်မျိုးကတော့ 64 bit processor ရယ်လို့ ပထမဆုံးတွက်ပေါ်လာတဲ့ intel ရဲ့ Itanium processor architecture ပါ…… (IA64) Itanium 64 လို့ လဲခေါ်ပါတယ်…..အဲဒီIAT64 မှာလက်ရှိ 32 bit processor များအသုံးပြုနေသော x86 instruction set နဲ့ compatible မဖြစ်တဲ့ EPIC ဆိုတဲ့ instruction set ကိုသုံးထားပါတယ်……

ဒါကြောင့်မို့လို့ 32 bit processor များ အတွက်ရေးထားတဲ့ WINDOW XP , 2003 အစရှိတဲ့ 32 bit operating system တွေအသုံးပြုလို့မရဘဲ သူ့ အတွက် သီးခြား ထုတ်လုပ်ထားတဲ့ windows itanium 64 bit version ကို အသုံးပြုရပါတယ်.။ဒုတိယတစ်မျိုးကတော့ intel မှ EM64T နဲ့ AMD ရဲ့ opteron & atholon 64 တို့ပါ။ အဲဒီprocessor တွေကဘာထူးခြားလဲဆိုတော့အပေါ်က IA64 Processor တွေလို x64instruction set သာမက x86 32 bit instruction set ထည့်သွင်းထားတဲ့ အတွက် 32 bit ရော 64 bit operating system ပါအဆင်ပြေအောင်ထုတ်လုပ်ထား ပါ တယ်။

Microsoft က၎င်း processor နဲ့ ကိုက်ညီတဲ့ x86-64 OS တွေကို ၂၀၀၅ ဧပြီ လ ထဲက ဖြန့် ချီ ခဲ့ ပါတယ်…အဲဒီ x86-64 OS တွေကို အပေါ်က EM64T , opteron & atholon 64 တို့ နဲ့ တွဲပြီး အသုံးပြုမယ်ဆိုရင် 3Dgame ,animationတွေနဲ့ အခြား 64bit applic ation တွေမှာပိုမိုမြန် ဆန်အောင် လုပ်ဆောင်နိုင်ကြ မှာဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ 64 bit ကိုတွင်ကျယ်စွာ အသုံးပြုလာကြ တော့မှာပါ။
အဆင်ပြေကြပါစေဗျာ.....

Facebook Chat ကို Desktop ပေါ်တင်ပြီး Chat ရအောင်ဗျာ


မင်္ဂလာပါဗျာ
facebook chat box လေးကို desktop ပေါ်တင်ပြီး g talk လို တဒိုင်းဒိုင်း ချက်လို့ ရပါပြီ
အောက်မှာကြည့်လိုက်ပါ

Wyzo Browser


Popular Posts

Related Posts Plugin for WordPress, Blogger...