Friday, May 25, 2012

hal.dll missing or corrupt error ဖြစ်လို့ ၀င်းဒိုးမတတ်သူများအတွက်


computer အသုံးပြုသူတိုင်းအနည်းနဲ့အများတော့ကြုံဖူးမှာပါ ။ computer စဖွင့်လိုက်တာနဲ့ window ကိုမမြင်ရဘဲ hal.dall missing or corrupt ဆိုတဲ့စားသားပေါ်နေပြီ window မတက်တော့တာပါ။ အဲ့ဒီအခါမျိုးဆိုရင် safe mode နဲ့လဲ တက်လို့မရပါဘူး ။
   အဲ့ဒီ hal.dll ဖိုင် ဟာ virus ကြောင့် ဖြစ်စေ ၊ window စနစ်ကို သိသိသာသာ ထိခိုက်လို့ပဲ ဖြစ်စေ ပျက်သွားတက်ပါတယ်။ hal.dll ဖိုင်ဟာ boot.ini တို့လို window စနစ်ကိုဖွင့်ရာမှာ မရှိမဖြစ်တဲ့ဖိုင် တစ်ခုပါ ။

hal.dll ဖိုင်သည် (Hardware Abstraction Layer) ဖြစ်ပြီး Application များကိုစနစ်မှာတပ်ဆင်ထားတဲ့ Devicသို့ချိတ်ဆက်ရာမှာခွင့်ပြုပေးတဲ့ဖိုင်ဖြစ်ပါတယ် ။တစ်နည်းအားဖြင့် Hardware များကိုHal.dll ကစီစစ်လက်ခံပေးပါတယ် ။ဒါကြောင့်အဲ့ဒီဖိုင်ပျက်ရင် computer ဟာအလုပ်မလုပ်နိုင်တော့ပါဘူး ။
        အဲ့ဒီ error ကို recovered လုပ်နိုင်တဲ့ နည်းတွေအများကြီးရှိပါတယ် ။အဲဒီထဲကမှ window cd ကို အသုံးပြုပြီး recover လုပ်တဲ့နည်းကိုပြောပြချင်ပါတယ်။
     Step 1  :  BIOS ထဲကိုဝင်ပြီး First Boot မှာ CD ROM ထားပါ ။
     Step 2  :  Windows XP CD ကိုCD drive ထဲသို့ထည့်ပါ ။     
                    (window cd run နေပါလိမ့်မယ် )
    Step 3  :Repair option သို့ရောက်ရင် R Key ကို နှိပ်ပါ ။
    Step 4  : Window installation လုပ်ထားတဲ့ location တောင်းပါလိမ့်မယ် #1 လို့
                  ရိုက်ပေးလိုက်ပါ ။
    Step 5  : BOOT.INI file ထဲက လက်ရှိပြနေတဲ့ list ကို ကြည့်ဖိုရာ
                  bootcfg/list လို့ ရိုက်ပါ ။
    Step 6  :ပြီးရင် bootcfg/rebuild လို့ရိုက်ပါ ။
                  file တွေကို ပြန်တည်ဆောက်ပါလိမ့်မယ်
            
       ပြီးရင် cd ကိုထုတ်ပြီး လုပ်ငန်းစဉ်ထဲကထွက်လိုက်ပါ ။
       စက်ပြန်တက်လာရင်အဆင်ပြေသွားတာကိုတွေရပါမယ် ။
   ကိုယ်ရဲ့ Harddisk ကို တစ်ခြားစက်တစ်မှာတပ်ပြီးတော့ copy အဲဒီဖိုင်ကို copy ကူးထည့်ရင်လဲရပါတယ် ။hal.dll ကို အင်တာနက်မှ လည်း download လုပ်ယူနိုင်ပါတယ် ။ ပုံမှန်ဆိုရင် အဲ့ဒီ ဖိုင်ဟာ WINDOWS/System32/က ဖိုလ်ဒါ ထဲမှာရှိပါတယ် ။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...