Monday, May 7, 2012

Windows 7 Short Tools


Windows 7 မှာပါတဲ့ ထူးကဲတဲ့ shortcut ways လေးတွေပါ။ သိပြီးသား သူများအတွက် ကျွန်တော်မရည်ရွယ်ပါဘူး။ မသိသေးတဲ့ သူငယ်ချင်းများ၊ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများ လိုသလို အသုံးပြူနိုင်အောင်သာ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ လေ့လာကြည့်လိုက် ကြပါဦး။

1. Drag to Desktop
တစ်ခါတစ်လေ အင်တာနက်မှာ သွားရင်းလာရင်း ပုံလှလှတွေ တစ်ပုံတစ်အောကြီး တွေ့တဲ့အခါ မိမိစက်ထဲမှာ သိမ်းထားချင်တတ်ကြပါတယ်။ အဲဒီအခါ တစ်ပုံချင်းကို Right Click နဲ့ တစ်ပုံချင်းသိမ်းတဲ့အခါ ပုံနည်းရင်တော့ ပြဿနာမရှိဘူးပေါ့။ ပုံများလာရင် စိတ်ညစ်မှာပေါ့။ ဒီလိုအခါမျိုးမှာဆို မြန်မြန်သိမ်းလို့ရအောင် ပုံလေးကို Click လေးထောက်ပြီး Desktop ပေါ်ဆွဲတင်လိုက်တာနဲ့ Desktop မှာ Safe ပြီးသား ဖြစ်သွားမှာပါ။ ကဲ ဘယ်လောက်မြန်လဲ။


2. Extend Option in Send to
နောက်တစ်ခုက Extend Option ကိုချဲ့ထွင်တဲ့ နည်းလမ်းလေးပါ။ မိမိတို့ သိမ်းချင်တဲ့ အရာတစ်ခုကို တစ်နေရာကနေ တစ်နေရာကို ရွေ့ထားချင်တဲ့အခါ Send to လေးနဲ့တစ်ခါတည်း ရွေ့လို့ရပါတယ်။ မိမိရွေ့ပြောင်းချင်တဲ့ တစ်ခုခုပေါ် Shift လေးထောက်ပြီး Right Click ကနေ Send to ကို ကြည့်လိုက်ရင် သွားလို့ရတဲ့ နေရာတွေ အများကြီးထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။


3. Run as Administrator
Cmd ကိုဖွင့်တဲ့အခါ Run as administrator နဲ့ ဖွင့်လိုတဲ့အခါ Cmd လေးကိုထောက်ပြီး Ctrl+Shift ပေါင်းနှိပ်ပြီး Click လုပ်ြပီး Run လိုက်ရင် Run as administrator အနေနဲ့ တစ်ခါတည်း ပွင့်သွားပါတယ်။


4. Quick Search
Folder တွေထဲမှာ သိမ်းထားတာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ရှာချင်ရင်တော့ မိမိရှာချင်တဲ့ Folder ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်လေးက Search Box လေးမှာ (*) လေးကို အသုံးပြူပီး ရှာလို့ရပါတယ်။ ရှာနည်းကတော့ avi ကိုရှာချင်ရင် *.avi, pdf ကိုရှာချင်ရင် *.pdf ဆိုပြီး ရှာလို့ရပါတယ်။ နောက်တစ်ခုက Size အနေနဲ့လည်း ရှာလို့ရပါတယ်။ ရှာနည်းကတော့ Size: လို့ရိုက်လိုက်တာနဲ့ ဘယ်လောက်ဆိုဒ်ကနေ ဘယ်လောက်အတွင်း ရှာချင်သလဲဆိုတာ အလိုလျောက် တစ်ခါတည်းပေါ် လာပေးမှာဖြစ်ပါတယ်။ (Search Code တွေလည်း အများကြီး ရှိပါသေးတယ်)။


5. Drag To Mail
ဒါလေးကတော့ မိမိမေးပို့စဉ် Attach လုပ်မယ့်အရာကို မြန်မြန်ဆန်ဆန် ဖြစ်အောင်ဆွဲထည့် နိုင်တဲ့ နည်းလမ်းလေးပါပဲ။ ပို့ချင်တဲ့ အရာတစ်ခုကို ပိုမယ့်လိပ်စာဖြစ်တဲ့ To ဆိုတဲ့နားလေးရောက်အောင် Drag ဆွဲထည့်လိုက်တာနဲ့ Attach လုပ်ပီးသား ဖြစ်သွားပါပီ။


Windows ကို ကျွမ်းကျင်စွာ အသုံးပြူတတ်ဖို့ တတ်နိုင်သမျှ စုစည်းဖော်ပြပေး လိုက်တာပါ။ အားလုံး အဆင်ပြေကြပါစေ။


Function Keys in Window 7

ကျွန်တော်တို့ Keyboard မှာပါတဲ့ Function Key လေးတွေကို တော်တော်များများ အသုံးပြူတာ နည်းကြပါတယ်။ ဘာပဲပြောပြော Function Key လေးတစ်ချက် နှိပ်လိုက်တာနဲ့ မိမိလိုချင်တဲ့ နေရာလေး တစ်ခါတည်း ရောက်သွားမယ်ဆို ဘယ်သူမဆို နှိပ်ချင်မှာပဲ ထင်လို့ပါ။ ဒါကြောင့် Window 7 မှာ Function Key လေးတွေ ဘယ်လိုလုပ်သလဲ ဆိုတာသိထားရင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမယ် ထင်လို့ပါ။

F1


တကယ်လို့များ MS Office တွေများ သုံးနေရင်းနဲ့ တစ်ခုခု အကူအညီလိုရင် F1 လေးနှိပ်လိုက်တာနဲ့ Help and Support Center လေးကို ရောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း Desktop ပေါ်မှာရှိတဲ့ တစ်ခုခုကို Select ပေးပြီး F1 နှိပ်လိုက်တာနဲ့ Window Help and Support box လေးကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Window 7 နဲ့ဆိုင်တဲ့ tutorial တွေ Tools လေးတွေ အကြောင်းနဲ့ ပြဿနာတွေ ဘယ်လိုဖြေရှင်း ရမလဲဆိုတာတွေ လမ်းညွှန်ထားတဲ့ နေရာလေးပါ။ တကယ်ကို အသုံးဝင်ပါတယ်။

F2


အားလုံးသိပြီးတဲ့အတိုင်း Folder တွေကို Select လုပ်ပြီး F2 နှိပ်ပြီး Rename ပေးလို့ရပါတယ်။

F3


F3 ကတော့Search သဘောတရားလေးပါ။ Start bar မှာပါတဲ့ function လေးအတိုင်းပါပဲ။ မိမိစက်ထဲမှာ ရှိတဲ့အရာတွေကို ရှာဖွေလို့ ရပါတယ်။

F4


F4 ကတော့ Browser တွေဖွင့်ထားရင် Address Bar မှာရှိတဲ့ Address ကို Select လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။ တကယ်လို့ FOLDER ဖွင့်ထားပြီး F4 နှိပ်လိုက်ရင်တော့ မိမိ FOLDER ရှိတဲ့ Path ကိုပြပေးမှာ ဖြစ်ပါတယ်။

F5
REFRESH လုပ်ပေးပါတယ်။ တကယ်လို့ Browser တွေဖွင့်ထားတယ် ဆိုရင်လည်း Refresh လုပ်ပေးပါတယ်။ Right Click မှာပါတဲ့ Refresh နဲ့တူတူပါပဲ။

F6
F6 ကတော့ Browser ဖွင့်ထားခဲ့ရင် Browser ထဲမှာရှိတဲ့ Item လေးတွေကို Tab အနေနဲ့ တစ်ခုကနေ တစ်ခု ကူးပြောင်းပေးပါတယ်။ FOLDER ဖွင့်ထားမယ်ဆိုရင်လည်း FOLDER ထဲမှာရှိတဲ့ Item တစ်ခုမှတစ်ခုကို ကူးပြောင်းပေးပါတယ်။

F10


F10 ကတော့ Browser မှာရှိတဲ့ MENU Bar လေးကို ဖော်ချင် ဖျောက်ချင်ရင် သုံးတဲ့ KEY လေးပါ။ GOOGLE Chrome တို့ IE9 တို့မှာ MENU Bar လေးမြင်ချင်ရင် F10 လေးသာ နှိပ်ပေးလိုက်ပါ။

F11
F11 ကတော့ Full Screen မြင်ချင်ရအောင် ကူညီပါတယ်။ BROWSER ဒါမှမဟုတ် FOLDER ဖွင့်ထားလို့ Full Screen မြင်ချင်ရင် F11 လေးသာနှိပ်လိုက်ပါ။ ပုံမှန်အတိုင်း ပြန်ခေါ်ချင်ရင်လည်း F11 ပဲပြန်နှိပ်ပေးလိုက်ပါ။

F7,F8,F9,F12 တို့ကတော့ ခုချိန်ထိ မသတ်မှတ်ရသေးပါဘူး။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...