Sunday, June 24, 2012

Samsung Galaxy Pro GT-B7510 v-2.3.6 root


Samsung Galaxy Pro BT-7510 2.3.6 rootလုပ်နည်းလေးပါ။
gingerbred-2.3.6-root.zip ကို အောက်မှာဒေါင်းယူနိုင်ပါတယ်။
ဒီဖုန်းရဲ့ root လုပ်နည်းကိုတော့ ညီလေးတစ်ယောက်မေးလို့ရေးပေးတာပါ။
ဒီဖုန်းမျိုးဝယ်ကိုင်တဲ့သူကတော့တော်တော်တော့ရှားပါတယ်။ကျွန်တော်လဲ မလုပ်ဖူးပါဘူး ဆိုက်ပေါ်ကရှာပြီတင်ပေးလိုက်တာပါ။ဒါပေမဲ့စိတ်ချလက်ချလုပ်ပါ ဖုန်းဘာမှ မဖြစ်ပါဘူး အာမခံပါတယ်။မီးပျက်ပျက်နေလို့ တင်ပေးတာ နဲနဲကြာသွားတာကိုတော့ ခွင့်လွတ်ပေးစေချင်ပါတယ်။      ၁. ဖုန်းကဲ့ sd ကဒ်ထဲကိုgingerbred-2.3.6-root.zip ထည့်ပါ။
၂. phone ရဲ့ setting>applications>Unknown sources ရဲ့ အမှတ်ကိုဖြုတ်ပါ။
၃ phone ရဲ့ setting>applications>Development>usb debugging ရဲ့ အမှန်ကိုလည်း ဖြုတ်ပါ။
ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။
ဖုန်းရဲ့ recover mode ထဲကိုဝင်ရန်အတွက် power ခလုပ်နဲ့ + T ခလုပ်ကို ဖိပါထားပါ ဖုန်းကို reboot နှစ်ကြိမ်သုံးကြိမ်လောက် ကြမှာပါ ခလုပ်တွေ ကိုမလွတ်ပါနဲ့အုံးဖိထားပါ။ recover mode တတ်လာမှ လွတ်လိုက်ပါ။
 မှတ်ချက်    အပေါ်အောက်ရွေ့ရန်အတွက် volume up နဲ့ volume dowm ကိုသုံးပါ့မယ်။
၎. apply update  from sdcard ဆိုတာကိုရွေးပြီး home ကီးကိုနှိပ်ပါ
၅. မိမိထည့်ထားသောgingerbred-2.3.6-root.zip ဖိုင်ကိုေ၇ွးပြီး home ကီးကို နှိပ်လိုက်ပါ။
root ကို စတင် လုပ်နေပါလိမ့်မယ် အားလုံးပြီးသွားရင် ဖုန်းကို reboot ချလိုက်ပါ။
reboot ချဖို့ရန်အတွက် reboot system now ဆိုတဲ့စာသားလေးကို ရွေးပြီးတော့ Home key နှိပ်လိုက်ပါ။ ရှာမတွေ့ဘူးဆိုရင်လဲ ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။
 ဖုန်းပြန်တတ်လာရင် root လုပ်မှုပြီးဆုံးပါပြီ။ သူငယ်ချင်းတွေ ရဲ့ဖုန်းထဲမှာ superuser ဆိုတဲ့ အရိုးခေါင်းလေး ပေါ်နေတာကို တွေ့ပါလိမ့်မယ် ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...