Friday, June 29, 2012

SpeedUpMyPC 2012 with Serial key



SpeedUpMyPC 2012  က ကိုယ့်ရဲ့ ကွန်ပျူတာလေးကို အမြဲတမ်း မြန်မြန်ဆန်ဆန်လေး ဖြစ်နေအောင် ကူညီနိုင့်တဲ့ Software လေးပါ။  ပြီးတော့ Serial Key လဲ ထည့်ပေးထားပါတယ်။  Full Version  အနေနဲ့ အသုံးရ အလွန်ရိုးရှင်းလွယ်ကူပါတယ်။  ဒါပေမယ့် အဲဒီ Key ထည့်လို့ အဆင်မပြေရင်လဲ......Registry ထဲမှာ ၀င်ပြီး  Activate လုပ်တဲ့ နည်းကို ပုံလေးတွေနဲ့ ရှင်ပြပေးထားပါသေးတယ်။  ကျနော့်လို အားတိုင်း ကွန်ပျူတာကို ကလိချင်နေတဲ့ ၀ါသနာတူ သူငယ်ချင်းများကို၊ ကျနော် သိသမျှလေး ဝေမျှထားပါတယ်။


Serial Key နဲ့ အဆင်မပြေရင် Registry ထဲမှာ ၀င်ပြီး Activate ဖြစ်အောင် ပြင်လို့ ရပါတယ်။  ပထမဆုံး SpeeUpMyPC  program ပွင့်နေရင် ပိတ်ထားရပါ့မယ်။ ပြီးရင် Ctrl+Alt+Del Key ကို နှိပ်ပြီး Windows Task Manager ကို ဖွင့်ပါ။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း sump.exe ဖိုင်ကို ရှာပြီး End Process လုပ်ရပါ့မယ်။


နောက်တစ်ဆင့်က.......Win+R key ကိုနှိပ်ပြီး၊ Run box ခေါ်ပါမယ်။ ပြီးရင် အဲဒီ Run box မှာ အောက်က ပြထားတဲ့ အတိုင်း Regedit ကို ရိုက်ပြီး Ok ကို နှိပ်ပါ။


အဲဒါဆိုရင် Registry Editor ထဲကို ရောက်သွားပါလိမ့်မယ်။ ပြီးတဲ့အခါ.......Menu bar မှ Edit ကို ရွေးပြီး Find ကို click ခေါက်ပါမယ်။



Find box ကျလာတဲ့အခါ.....Find box မှာ FreeFixesApplied ဆိုတဲ့ code ကိုရိုက်ပြီး Find Next ကို Click ခေါက်ရင်...................


FreeFixesApplied ရဲ့ နေရာကို ရောက်ပါလိမ့်မယ်။  ပြီးရင် FreeFixesApplied  Value ရဲ့အောက် လွတ်တဲ့ နေရာမှာ Right Click ခေါက်ပြီး New>String Value ရွေးပြီး Click ခေါက်ရပါ့မယ်။



 ဒါဆိုရင် New Value တစ်ခုရမှာဖြစ်ပြီး.....အဲဒီ New Value ကို နာမည်ပြောင်းပေးရမှာ ဖြစ်ပါတယ်။ အဲဒါကို ပြောင်းဖို့ဆိုရင် New Value ကို select ပေးပြီး ပုံမှာ ပြထားတဲ့ အတိုင်း Right click နှိပ်ပြီး၊ Rename ကို ရွေးပြီး New Value နေရာမှာ License လို့ ပြောင်းရေးပေရမှာပါ။   


နောက်ဆုံးအဆင့်အနေနဲ့ .....License  value ရဲ့ တန်ဖိုးကို သတ်မှတ်ပေးဖို့ပဲ ကျန်ပါတော့တယ်။  License value ရဲ့ အပေါ်ကို Double click ခေါက်လိုက်ရင် Edit String box ပေါ်လာပါ့မယ်။ ပြီးတဲ့အခါ အဲဒီ box က value data ဆိုတဲ့ နေရာမှာ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Shadow လို့ ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ။


 
အောက်မှာပြထားတဲ့ ပုံလေးထဲက အခြေအနေအတိုင်း ရပြီဆိုရင်တော့............Registry Editor ကို ပိတ်လို့ ရပါပြီ။


ကဲ ..............SpeeUpMyPC Program ကို ဖွင့်ကြည့်လိုက်ပါဦး၊၊ ၀မ်းမြောက်စရာပါပဲ။ ကျွန်တော်တို့ Activate လုပ်တာ အောင်မြင်သွားပါပြီ။ ကဲ.....အောက်ကပုံလေးကို ကြည့်ပါဦး။

ကျွန်တော်နဲ့ ၀ါသနာတူ ရောင်းရင်းများရော၊ ကိုယ့်ကွန်ပျူတာလေးကို အမြဲတမ်း မြန်မြန်ဆန်ဆန် အသုံးပြုလိုသူများအားလုံး..အောက်က Link မှာ သွားပြီး Download ရယူနိုင်ပါပြီ။အဆင်လေးစားလျက်....................
SpeedUpMyPC 2012 (5.2MB)

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...