Sunday, July 29, 2012

Windows Repair



ဒီSoftware လေးက ၀င်းဒိုး Boot ပြန်မတက်တာ Screen ပြာတက်နေတာ ၀င်းဒိုး Restart ခဏခဏကျ တာတွေ အတွက်ပြန်လည်ကောင်းမွန်အောင်စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကျွန်တော်ဖြစ်တဲ့ပြဿနာလေးကို ပြောပြ
ချင်ပါတယ်။


     ကျနော်လက်တော့တစ်လုံးကို အခြားနိုင်ငံတစ်ခုကနေမှာလိုက်ပါတယ်။Dell Inspiron 2nd generationIntel Core i7 အမျိုးအစားပါ။Genuine Win7 Home Premium 64 Bit Service Pack1 နှင့်ပါ။ရောက်လာတော့ Partation တစ်ခု တည်းဖြစ်နေလို့  ထုံးစံအတိုင်း MyComputer > Manage ကနေ၀င်ပြီးတော့ Partation တွေ ခွဲပါတယ်။အရင်လည်းလုပ်နေကျပါ။ပြီး Restart ချလိုက်တဲ့အခါမှာတော့ Windows ပြန်တက်မလာတော့ ဘဲနဲ့ BOOTMGR  is missing စာကြောင်းရယ် Press  Ctrl+Alt+Del to restart ဆိုတဲ့စာကြောင်းနဲ့  Screen မဲမဲ
ကြီးကပေါ်လာပါတယ်။သူပြောသလို Restart လုပ်တာလည်းမရပါဘူး။

တော်တော်စိတ်ညစ်သွားတာပါ။ကိုယ့်မှာရှိတဲ့ ဝင်းဒိုးနဲ့ ပြန်တင်ရင်ရပေမဲ့ သူ့ စက်ထဲမှာထည့်ပေးလိုက်တဲ့ Software လေးတွေကို သဘောကျနေလို့ ဝင်းဒိုးအသစ်လည်းပြန်မတင်ချင်တာနဲ့  အခြားစက်တစ် လုံးနဲ့ ဂူဂဲလ် ထဲမှာရိုက်ရှာပြီး အလားတူပြဿနာမျိုးတွေဖြေရှင်းထားတဲ့ ဗီဒီယို ဖိုင်တွေ ကို Youtube မှာကြည့်တော့ ဒီ Windows 7 Repair Disc ဆိုတာလေးနဲ့ ဖြေရှင်း တာ ကိုတွေ့ တာနဲ့  ဂူဂဲလ်မှာဘဲရှာဖွေဒေါင်းယူကာ CD အဖြစ် ရရှိလာတဲ့ ISO ဖိုင်လေးကို Burn ယူ လိုက်ပါတယ်။

ပြီးတော့ ပြဿနာဖြစ်နေတဲ့စက်ကို FirstBoot မှာ CD/DVD ပြောင်းလည်းပေးပြီး Repair ချပ်ကိုစက်ထဲထည့်ကာ Restart ချလိုက်ပါတယ်။ပြန်တက်အလာမှာ“Press any key to boot from CD or DVD”- ဆိုတော့ ကီးတစ် ခုခုနှိပ်ပေးလိုက်ပါတယ် ၀င်းဒိုတင်သလိုပါဘဲ Language တွေ ဘာတွေရွေးပေးပြီး Repair your Computer ကိုရွေးပေးကာ Next နဲ့ သွားပါတယ်။နောက်တစ်ခါ System Recovery Option မှာလည်း Next ဘဲဆက်ပေး
လိုက်ပါတယ်။သူ့ လုပ်ငန်းစဉ်များပြီးသွားတာနှင့် Finish ပေးလိုက်ယုံပါဘဲ။Windows ကအရင်အကောင်း အတိုင်းပြန်တက်လာပါတော့တယ်။

     ကဲကျနော်လိုပြဿနာကြုံသူများ မသိရှိသေးသူများ ဆောင်ထားလိုသူများအတွက် ဒီကောင်လေး ကိုပြန်လည်ဝေငှလိုက်တာပါ။32 Bit အတွက်ကော 64 Bit အတွက်ကောတင်ပေး ထားပါတယ်။ အားလုံးအဆင်ပြေနိုင်ကြပါစေ။Windows 7 အမျိုးအစားအားလုံးကို Repair လုပ်ပေးနိုင်ပါတယ်။150 MB သာသာပမာဏရှိပါတယ်။


Win7 32 Bit Repair Discကို အောက်ကလင့်၌ Download ယူပါ

http://minus.com/lVNNSej7M8gst


Win7  64 Bit Repair Discကို အောက်ကလင့်၌ Download ယူပါ

http://minus.com/l6QHve35dIPtc

အဆင်ပြေကြပါစေဗျာ

1 comment:

  1. အစ်ကို ကျွန်တော့်စက်က win 7 / 32 bit ပါ..သုံးနေရင်းနဲ့ ဝင်းဒိုးကျကျသွားပါတယ်..window အသစ်ပြန်တင်လည်း မရပါဘူး..အရင်အတိုင်းပဲ ပြန်ဖြစ်ပါတယ်..computer က ဝယ်ထားတာမကြာသေးပါဘူး..window ခဏတိုင်းတင်ဖြစ်ပါတယ်..hd 500 gb မှာ အရင်က partation 3 ပိုင်းကို အခု 4 ပိုင်းခွဲထားပါတယ်.အဲဒါနဲ့ ဆိုင်လားမသိဘူး.အခု repair နဲ့ပြင်လို့ရမလား အစ်ကို..အားကိုးပါတယ်...

    ReplyDelete

Popular Posts

Related Posts Plugin for WordPress, Blogger...