Monday, July 2, 2012

Windows7 Backup လုပ်နည်းလေးပါ


Windows 7 Backup လုပ်နည်းလေးဖြစ်ပါတယ်။ window တင်ပြီး မိမိသုံးနေကြ software တွေ အားလုံးတင်ပြီးတဲ့အခါ window ကို backup လုပ်ထားတာအကောင်းဆုံးပါပဲ.. ၀င်းဒိုးသုံးရတာ လေးလာတာတို့ စိတ်ကြိုက်မဖြစ်တော့တာ error တစ်ခုခုတက်တာမျိုးစသည်ဖြင့် အကြောင်းတစ်စုံတရာကြောင့် Windows ပြန်မတက်တော့တဲ့ အခါမျိုးမှာ  Windows ကို အသစ်က ပြန်တင်စရာမလိုပဲ... Repair CD ထည့်ပြီး Run လိုက်ရုံနဲ့ Windows ကို မိမိ backup လုပ်ခဲ့တဲ့ အခြေအနေအတိုင်း ပြန်တက်လာအောင် လုပ်နိုင်တဲ့ နည်းလေးပါ။ ကိုယ် Windows Buckup လုပ်ထားခဲ့ တုန်းက အခြေအနေအတိုင်း အသစ် ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။  Windows Buckup မလုပ်ခင် ကိုယ် အသုံးပြုနေကျ Software တွေကို တင်ထားပေးရမှာဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် Windows တင်ပြီးပြီဆိုရင်တော့ အောက်က ပုံလေးတွေနဲ့ ကျနော် ပြထားတဲ့ နည်းလမ်းလေးတွေ အတိုင်း Windows Backup လုပ်လို့ ရပါတယ်။  Windows Backup မလုပ်ခင် CD အလွတ်တစ်ခွေ အသင့် ဆောင်ထားရမှာပါ။



 ပုံ(၁)
 ပုံ(၁) မှာ ပြထားတဲ့ အတိုင်း Start menu က Getting Started ကို သွားရမှာ ဖြစ်ပါတယ်။ 
ပုံ(၂)
ပြီရင် ပုံ(၂) မှာ ပြထားတဲ့ အတိုင်း Backup your files ကို Click ခေါက်ရမှာ ဖြစ်ပါတယ်။ 
(1) buttom ပြီးရင် (2) Buttom ကို ဆက်ပြီး Click ရမှာပါ။
ပုံ(၃)
ပုံ(၃) ကို ရောက်တဲ့ အခါမှာတော့ ပုံမှာ ပြထားတဲ့ အတိုင်း Create a system image ကို ရွေးပြီး Click ရမှာ ဖြစ်ပါတယ်။
ပုံ(၄)
ပုံ(၄) မှာတော့ ကိုယ့်ရဲ့ Windows Backup File ကို Save မှတ်ထားပေးမဲ့ နေရာကို ရွေးချယ်ပေး ရမှာ ဖြစ်ပါတယ်။  အဲလို ရွေးပေးရာမှာတော့ ကိုယ် Windows တင်ထားတဲ့ C:\ မှ လွဲပြီး၊ အခြား ကိုယ် အဆင်ပြေရာတစ်နေရာကို ပေးလို့ ရပါတယ်။ ကျနော့် စက်မှာတော့ Hard Drive ကို C:\ ,D:\,E:\ ဆိုပြီး အပိုင်း သုံးပိုင်း ခွဲထားတာဖြစ်တဲ့အတွက်၊ Data Storage ပမာဏ အများဆုံး ဖြစ်တဲ့ E:\ ကို ရွေးပါတယ်။

ပုံ(၅) ကတော့ မိမိ Backup လုပ်ချင်တဲ့ အပိုင်းတွေကို သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ Windows တစ်ခုကိုပဲ Backup လုပ်ထားချင်းတယ်ဆိုရင်တော့ C:\ ကို ရွေးထားမယ်ဆိုရင် လုံလောက်ပါပြီ။ Backup file size ကိုလဲ ဖော်ပြပေးထားပါတယ်။  ပြီးရင်တော့ Next ပါ။
ပုံ(၆)
ပုံ(၆)ကတော့ Windows Backup စလုပ်နေတဲ့ ပုံပါ။

ပုံ(၇)
ပုံ(၇) ကတော့ Repair Disc လုပ်ရမယ့် အဆင့်ပါ။ လုပ်မယ်ဆိုရင် CD Rom ထဲကို CD အလွတ်တစ်ချပ်ထည့်ပြီး  Yes ကို Click ရုံပါပဲ။

ပုံ(၈)

ပုံ(၈)ကတော့ Repair disc ကူနေးတဲ့ ပုံလေးပါ။ ခွေ ကူးပြီးသွားရင်တော့ Windows Backup လုပ်တာ ပြီးပါပြီ။ ကိုယ့် Windows က အကြောင်းတစ်စုံတရာကြောင့် Windows ပြန်တင်ရတော့မယ် အခြေအနေမျိုးမှာ ဒီ Repair Discကို သုံးနိုင်ပါတယ်။  ဒီ ကျနော်တို့ ပြုလုပ်ထားတဲ့ repair disc လေးရဲ့ လုပ်ဆောင်ချက်တွေကတော့ Windowsကို CD Drive ကနေ boot တက်နိုင်အောင်နဲ့ ကျနော်တို့ သိမ်းဆည်းထားတဲ့  Windows Backup File ကို ချိတ်ဆက်ပေးတဲ့ လုပ်ဆောင်ချက်တွေ ပါပဲ။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...