Right Click menu မှာ Copy To Folder နဲ့ Move To Folder ဆိုတဲ့ options
ထပ်ထည့်လို့ရတဲ့နည်းလေးကို ပြန်လည်ဝေမျှလိုက်ပါတယ် ...
ဒီနည်းလေးသုံးခြင်းအားဖြင့် မိမိ copy သို့မဟုတ် move လုပ်ထားတဲ့ data ကို
ထားလိုသောနေရာသို့ သွားစရာမလိုပဲ လွယ်လွယ်ကူကူ ရွေးလို့ရမှာဖြစ်ပါတယ် ...
ပထမဆုံး run box မှာ regedit လို့ရိုက်ရပါမယ် ... Win key + R ဖြင့်လည်းဖွင့်လို့ရပါတယ် ...
ပုံများကိုဆိုက်ကြီးကြည့်လိုလျှင် ပုံကိုကလစ်နှိပ်ကြည့်နိုင်ပါတယ် ...
ပုံများကိုဆိုက်ကြီးကြည့်လိုလျှင် ပုံကိုကလစ်နှိပ်ကြည့်နိုင်ပါတယ် ...
Registry ကိုဖွင့်ပြီးရင် HKEY CLASSES ROOT မှတဆင့် AllFilesystemObjects မှတဆင့်
shellex မှတဆင့် ContextMenuHandler ကိုသွားပါ ....
ContextMenuHandlers ကို Right click ပေးပါ .... ပြီးလျှင် New မှတဆင့် Key ကိုရွေးပါ ...
New key # 1 နာမည်နဲ့ Folder တစ်ခုပေါ်လာပါလိမ့်မယ် ...
New key # 1 ကို "Copy To" လို့ နာမည်ပြောင်းရေးပါ ... (Default) ကို double click နှိပ်ဖွင့်ပြီး
value data မှာ {C2FBB630-2971-11D1-A18C-00C04FD75D13} လို့ပြောင်းထည့်ပါ ...
ContextMenuHandlers ကို Right click ပေးပါ
.... ပြီးလျှင် New မှ Key ကိုရွေးပါ ... New key # 1 နာမည်နဲ့ Folder
တစ်ခုပေါ်လာပါလိမ့်မယ် ... New key # 1 ကို "Move To" လို့
နာမည်ပြောင်းရေးပါ ... (Default) ကို double click နှိပ်ဖွင့်ပြီး value
data မှာ {C2FBB630-2971-11D1-A18C-00C04FD75D13} လို့ပြောင်းထည့်ပါ
... ပြီလျှင် Registry ကိုပိတ်လို့ရပါပြီ ... Folder တစ်ခုကို Right
click ပေးကြည့်ပါ Copy To Folder နှင့် Move To Folder ဆိုတဲ့ options
ထပ်တိုးလာတာတွေ့ရပါလိမ့်မယ် ....
No comments:
Post a Comment