Tuesday, April 3, 2012

Wonder fox Soft Flash songs converter

သူက အခြား flash songs converter တွေလို တစ်ပုဒ်ချင်းတင် မကပါဘူး။
အပုဒ်များစွာကို တစ်ခါတည်း ပြောင်းပေးနိုင်ပါတယ်။
အကောင်းဆုံးလို့တော့မပြောပါဘူးနော်။
ဒါပေ့မယ့် သူငယ်ချင်းတို့ အတွက် အဆင်ပြေစေမယ့်
Software လေး မို့ တင်ပေးလိုက်တာနော်။
အသုံးပြုပုံလေးကလည်း လွယ်တယ်ဗျာ။
Install လုပ်တာကိုတော့ မပြောတော့ဘူးဗျာ။
format ပြောင်းပုံ ပြောင်းနည်းလေးတော့ နည်းနည်းလေး ပြောပြမယ်။
Install လုပ်ပြီးသွားတဲ့အခါ desktop ပေါ်ကflash video converter factory ဆိုတဲ့ icon လေး ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
ကဲ ပြောင်းမယ် ဆိုရင်တော့ အဲကောင်လေးကို ဖွင့်လိုက်ဗျာ။
ကဲ ဒီလိုလေး ပေါ်လာလိမ့်မယ်
အဲဒီမှာ မြင်ရတဲ့ အတိုင်း Add ဆိုတဲ့ button လေးကို နှိပ်ပြီး မိမိပြောင်းချင်တဲ့ file တစ်ခု (ဒါမှ မဟုတ်) files အများကြီးပေါ့ဗျာ ရွေးပြီး open လုပ်လိုက်ပါ။ နောက်ထပ်ထည့်ချင်သေးရင် ဆက်ပြီး Add နဲ့ ပဲ ပေါင်းထည့်လိုက်ပေါ့ဗျာ။
ပြီးရင် အောက်က profile ဆိုတာလေးက ပြောင်းမယ့် format ကို ပြတာပါ။
ကိုယ် ပြောင်းချင်တဲ့ format ကို ရွေးဖို့ ဆိုရင် Profile box ဘေးက တြိဂံ လေးကို နှိပ်ပြီး ပြောင်းလိုတဲ့ format ကို ရွေးပေးလိုက်ရုံပါပဲ။
အဲ အောက်က Output file ကတော့ ပြောင်းလိုက်တဲ့ ဖိုင်တွေကို ပြန်ထုတ်ပေးမယ့် နေရာပါနော်။
ကိုယ်က ဘယ်မှာ Output ထုတ်ချင်လဲ ဆိုတာတော့ ကိုယ်တိုင်ရွေးလို့ ရပါတယ်။
ပြီးရင်တော့ Start ဆိုတာလေးကို နှိပ်လိုက်တာနဲ့ စတင်ပြီး format ပြောင်းပေးနေပြီပေါ့ဗျာ။
ကဲ လိုချင်တဲ့သူများ အောက်မှာ ဒေါင်းလိုက်နော်။


ကဲ ဒါဆိုလည်း mediafire က တင်ပေးလိုက်တယ်နော်။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...