Friday, August 31, 2012

မြန်မာစာပေါ်တဲ့ Nokia ဖုန်းလေးတွေ.....:

images ဒီ Symbian Myanmar V3 Software လေးပေါ်တာ တော်တော် ကြာသွားပါပြီ။ ဒါကြောင့် သိပြီးသားဖြစ်မှာပဲဆိုပြီး မတင်ပဲ ထားတာပါ ဒါပေမယ့် ကျွန်တော့်စာဖတ်ပရိတ်သတ် တစ်ယောက်က တောင်းဆိုလို့ ပြန်တင်ပေးလိုက်ပါမယ်။ သိပြီးသား ကိုကို မမ တွေအတွက်တော့ ဆောရီးပေါ့နော်။ ဒီ Software လေးက ကျွန်တော်တို့ nokia S60 V5 အသုံးပြုသူများအတွက် ဖြစ်ပါတယ်။ သူ့မှာ မြန်မာ Font ရော မြန်မာစာပါ ရိုက်လို့ရတယ့် Keyboard Layout ပါ ပါတယ် ဒီ Software လေးကို ဟိုးအရင်ပေါ်စကတည်းက ကိုမိုး ရဲ့ ဆိုဒ်ကနေ ရထား
တာပါ ကျွန်တော်ကိုယ်တိုင် အချိန်မရလို့ အခုထိမစမ်းရသေးပါဘူး။ သူက Nokia Touch Screen များအတွက်ပဲ အဆင်ပြေမှာပါ။ Touch Screen မဟုတ်ရင်တော့ Version2 ပဲထည့်လို့ရမှာပါ။ သူ့ကို ဒေါင်းပြီးရင် အောက်မှာ ကျွန်တော်ရေ့းပြထားသလို အဆင့်ဆင့်လုပ်ဆောင်လိုက်ရင် သူငယ်ချင်းတို့ရဲ့ ဖုန်းလေးမှာ မြန်မာစာလုံး လှလှလေးတွေ ပေါ်လာပါလိမ့်မယ် လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုတော့ မူရင်း ကိုမိုးဆိုဒ်ကနေပဲ ကူးယူဖော်ပြမှာ ဖြစ်ပါတယ်....
ကိုယ့်ဖုန်းက Nokia ပေမယ့် Touch Screen မဟုတ်လို့ SymbianMyanmar V2 လိုချင်သူများလည်း Comment ပေးထားခဲ့ပါ ကျွန်တော်ပြန်တင်ပေးပါ့မယ်။
(SymbianMyanmar V3 ကို Download Link<---- ဒီမှာဒေါင်းပါ)
     ကဲ Ko Chan ရေ စမ်းကြည့်လိုက်ပါဦး အဆင်ပြေပါစေဗျာ အဆင်မပြေရင်လည်း kyokyosin@gmail.com ဘယ်လိုအဆင်မပြေတယ် ဆိုတာ အသေးစိတ်ရေးပြီးစာပို့လိုက်ပါ ကျွန်တော် တစ်ခေါက်ပြန်ရေးပေးပါ့မယ်။
 
မြန်မာစာပေါ်အောင် အဆင့်ဆင့်လုပ်ဆောင်ခြင်း

၁။ နောက်ပိုင်းပေါ်နေတဲ့ Smart Phone တွေမှာ အပြင်က ဆော့ဖ်ဝဲသွင်းချင်ရင် သွင်းလို့မရဘဲ Certificate Error ပြနေတတ်တာများတယ်။ ဒါကြောင့် ကိုယ်သွင်းချင်တဲ့ Software ကို သွင်းနိုင်အောင်အရင်ဆုံး ဖုန်းကို Certificate လျှောက်ရမယ်။ (ဖုန်းအားလုံးလုပ်နိုင်ပါတယ်။) လျှောက်ရမယ့် နေရာက http://cer.opda.cn ဖြစ်ပါတယ်။ အဲဒီမှာ ပထမဆုံး Register လုပ်ရပါမယ်။ ပြီးရင် Apply Cer ကနေတစ်ဆင့် ဖောင့်ဖြည့်ရပါမယ်။ ဖောင်မှာ-

phone Model ----
IMEI (*#06#) ---- (*#06#) ကိုနှိပ်ပါ။
Confirm IMEI ----
Remark ---- တွေကို ဖြည့်ရပါမယ်။

အဲဒီစာမျက်နှာအောက်ဆုံးမှာလည်းပဲ လုပ်ရမယ့် Road Map ကို ပုံနဲ့ရှင်းပြထားပါတယ်။ Submit လုပ်ပြီး ခဏစောင့်လိုက်ပါ။ အဲဒါဆို Cer ရပါပြီ။




၂။ Cer ရပြီးပြီဆိုရင် Helloox ကို Singing Softs နှင့် Signed လုပ်လိုက်ပါ။ cer.opda.cn ဆိုက်၏ Menu တွင် ရှိပါသည်။ Signed လုပ်ပြီးမှာ ၄င်းဆော့ဖ်ဝဲကို ဒေါင်းလုပ်ချပြီး ဖုန်းထဲသို့ပြန်သွင်းလိုက်ပါ။
ပြီးရင် ဖုန်းထဲကို Install လုပ်လို့ရပါပြီ။

၃။ Helloox နှင့် Jail Break လုပ်ပြီးပြီဆိုပါက ကြိုက်သည့် Software များကိုသွင်းနိုင်ပါပြီ။ မည်သည့် Error မှမဖြစ်တော့ပါ။ (ဤအဆင့်ကို မလုပ်ဘဲ နံပါတ် ၃ ကို ဆက်လုပ်နိုင်ပါသည်။)

၎။ မိမိဖုန်းကို အပျိုရည်မပျက် (Jail Break) စေချင်ပါက နံပါတ် (၁)၊ (၂) ကိုမလုပ်ဘဲ Symbianmyanmar ကို Signed လုပ်ပြီး ဖုန်းထဲသို့သွင်းလိုက်ပါ။ Install လုပ်ပြီးပါက ဖုန်းကို Restart ချလိုက်ပါ။ ပြီးလျှင် မြန်မာစာကို မြင်ရပါမည်။
 
(SymbianMyanmar V3 ကို Download Link<---- ဒီမှာဒေါင်းပါ)

အဆင်ပြေကြပါစေ
(လဝန်းညို)

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...