Tuesday, August 28, 2012

Android ဖုန်းတွေ အတွက် မြန်မာ font နှင့် keyboard သွင်းနည်း




ဒီတစ်ခါတော့ Android ဖုန်းတွေအတွက် မြန်မာ font နဲ့  keyboard သွင်းနည်း တင်ပေးလိုက်ပါတယ်။ မြန်မာ font သွင်းဖို့ အတွက် အရင်ဆုံး သင့်ရဲ့ ဖုန်းဟာ root လုပ်ပြီးသား ဖြစ်ရပါမယ်။ Root မလုပ်ဘဲနဲ့  မြန်မာ font သွင်းလို့ မရပါဘူး။ Root လုပ်နည်းတွေကိုလဲ ဒီ blog လေးမှာ တင်ပေးထားပြီးသားပါ။






လိုအပ်တဲ့ files တွေကို အရင် Download ဆွဲလိုက်အုံး။ ပြီးရင် ကျွန်တော် ထုံးစံအတိုင်း step by step ရှင်းပြသွားပါမယ်... :)

Download MMFontForAndroid.rar 

1. အရင်ဆုံး ကျွန်တော်ပေးထားတဲ့ rar file လေးကို extract လုပ်လိုက်ပါ။ APK File သုံးခုနဲ့ အတူ Zawgyi-One.tffဆိုတာ ထွက်လာလိမ့်မယ်။ အဲဒါတွေအားလုံးကို ဖုန်းရဲ့  Memory Card ထဲထည့်လိုက်ပါ။

2. ပြီးရင် FontChanger.apk လေးကို ဖုန်းမှာ install လိုက်လိုက်ပါ။ Super user request လာတောင်းရင် Allow ပေးလိုက်ပါ။ FontChanger ကို install လုပ်ပြီးရင် မိမိရဲ့  ဖုန်း Memory Card ထဲမှာ .fontchanger ဆိုတဲ့ folder လေးတစ်ခု တိုးလာလိမ့်မယ်။

အဲဒီ Folder ထဲကို Zawgyi-One.tff file ကို File Manager နဲ့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှနေတစ်ဆင့် ဖြစ်စေ အဆင်ပြေတဲ့နည်းနဲ့  copy ကူးထည့်လိုက်ပါ။

3. ပြီးရင် ဖုန်းမှာ FontChanger App လေးကိုဖွင့်လိုက်ပါ။ အဲဒီ App ထဲမှာ Zawgyi One ဆိုပြီး တွေ့ ရလိမ့်မယ်။









































4. Font Changer App ထဲမှာZawgyi-One ကိုရွေးပေးလိုက်ပါ။ ပြီးရင် Apply ကိုနှိပ်လိုက်ပါ။







































5. Reboot လုပ်ခိုင်းပါလိမ့်မယ်။ reboot လုပ်ပြီးပါက သင့်ဖုန်းရဲ့  System Font ဟာ Zawgyi-One ဖြစ်သွားပါပြီ။ Zawgyi Font သုံးထားတဲ့ website တွေကိုလဲ အဆင်ပြေစွာ ကြည့်ရှုနိင်ပါလိမ့်မယ်။







































6. Font သွင်းပြီးသွားပြီ ဆိုတော့ ဒီတစ်ခါ keyboard အလှည့်ပါ။ မြန်မာ စာရိုက်နိင်ဖို့ အတွက် Myanmar Keyboard သွင်းရပါမယ်။ ကျွန်တော်ပေးထားတဲ့ rar file ထဲမှာ MyanDroid Soft Keyboard နဲ့ iTextMM Keyboard နှစ်ခု ပါ ပါတယ်။ နှစ်ခုစလုံးက  မြန်မာ keyboard တွေပါပဲ။ အဲဒီ နှစ်ခုလုံးကို install လုပ်လိုက်ပါ။ ပြီးရင် Settings >> Language & Keyboard >> MyanDroid Soft Keyboard နဲ့  iTextMM Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ Keyboard ပြောင်းချင်ရင်တော့ Input Method ကနေသွားပြောင်းလို့ ရပါတယ်။ အားလုံးလဲ သိကြမယ်ထင်ပါတယ်။ အသေးစိတ်မရေးတော့ပါဘူး။
ကျွန်တော်ကတော့ iTextMM ကိုပိုကြိုက်တယ်။ သူက Prediction ပါတယ်ဆိုတော့ စာရိုက်ရတာ ပိုအဆင်ပြေတယ်။
ကျွန်တော်ပြောတဲ့ step တွေအားလုံး လုပ်ပြီးသွားရင်တော့ သင့်ဖုန်းဟာ Myanmar Font နဲ့  Myanmar Keyboard ပါ ရရှိသွားပါပြီ။  Contacts တွေ SMS တွေအားလုံး မြန်မာလို ဖတ်လို့ ၊ ရိုက်လို့ ရသွားပါပြီ။







































အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.... :)

3 comments:

  1. ပညာ့အလင်းတံခါး ဖွင့်ပေးတာကို ကျေးဇူးတင်ပါတယ် ခဗျာ....
    ထာဝရ လေးစားလျှက်.......

    ReplyDelete
  2. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဆရာလို့ခေါ်ပါတယ် မြင်ဆရာပါ

    ReplyDelete
  3. အကိုရေ.......အရမ်းကို အရမ်းကျေဇူးတွေတင်ပါတယ်ဗျာာာ.....ကျွန်တော် htc one x ကို root လုပ်ပြီးတော့ ဖောင့်ထည့်မရလို့ ကျွန်တော် တိုင်တွေပါတ်တာပြီး ခေါင်းတောင်ကိုက်သွားတယ် ခုတော့အကို့ကျေးဇူးကြောင့် တက်ပါပိုင်သွားပြီး အမှန်ကန်လှော်တော့မယ် ဟက်ဟက်...ညီလေးကိုလမ်းမှာတွေရင် မုန်ဝယ်ကျွေးနော် :P

    ReplyDelete

Popular Posts

Related Posts Plugin for WordPress, Blogger...