Saturday, August 25, 2012

Microsoft Word , Photoshop , Illustrator တို့မှာ ဒ ၊ ဓ ရေးလို့ ပြဿနာတက်ရင်


အရင်တင်ခဲ့တဲ့ပို့စ်ကဖြေရှင်းချက်တွေမပြည့်စုံသည့်အတွက်ကြောင့်
MYSTERY ZILLION Forum ကနေ ပိုပြီးပြည့်စုံတဲ့ ဒ ၊ ဓ ပြဿနာဖြေးရှင်းနည်းများကို ထပ်မံတင်ပြလိုက်ပါတယ်။
အဓိကတော့ Microsoft Office 2007အတွက်ပါ။ တနေ့က သူငယ်ချင်းတစ်ယောက် သူ့ရဲ့Microsoft Off
-ice 2007 မှာ ဒ၊ ဓ မရလို့ဆိုပြီးပြောနေလို့ ဒီပို့စ်တင်ပေးလိုက်တာပါ။

MYSTERY ZILLION Forum ဆိုက်ကနေ ကို Zulu ရဲ့ Program အလိုက် ဖြေးရှင်းနည်းများလေ့လာကြည့်
ရအောင်....


ဒဒွေး ဒုက္ခပေးနေသလား

InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို
Uncheck လုပ်ပါ။

Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes
ကို Uncheck လုပ်ပါ။

Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck
လုပ်ပါ။

PageMaker 7 ... File > Preference > General > More > Use Typographer's
Quotes ကို Uncheck လုပ်ပါ။

Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect
ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes
to typographic quotesကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်
ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေး
ဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)

Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As
You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို
Uncheck လုပ်ပေးပါ။ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။ အားလုံးပြုံးပျော်ကြပါစေဗျား ...

icefirester
pmd ရဲ့ ဖြေးရှင်းနည်းအသေးစိတ်ကို တင်ပြဆွေးနွေးပါမယ်..

Pmd အားလုံးမှာ file new တောင်းခံသည့်အချိန်၊ Word (သို့) powerpnt ထဲက စာသားတွေကို
Pmdသို့ ကူးယူတဲ့ အချိန် ဖြစ်ပေါ်လေ့ရှိပါတယ်…
Pmd အားလုံးမှာ မှာ file - Preferences - General…. – More… -Use typographer’s
– quotes ထဲက Uncheck လုပ်ပါ။အဆင်ပြေပါမယ်.

Office 2007 Microsoft Word မှာဆိုရင် office Button – Word Options – Proofings
–Auto correct Option… - AutoFormat As you type – ‘’strainght quotes’’ with
“smart quotes” ကို Uncheck လုပ်ပါ

Office Button ဘာလဲလို့မသိသေးရင် ဒီဆိုက်ဖွင့်ပြီးလေ့လာပါ

Office 2007 Microsoft powerpoing မှာဆိုရင် အထက်ပါနည်းလမ်းအတိုင်းပါပဲ။
Office 2007 Microsoft excel မှာဆိုရင် cell တစ်ကွက်ထဲမှာ``ဒ နဲ့ ဓ ´´ ကို တစ်လုံးတည်းထားရှိအသုံးပြုလို့ မရပါဘူး။

IT pro သမားတွေရဲ့ ပြဿနာရှင်းလင်းနည်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်.. အလွယ်ကူဆုံးနည်းများကိုသာ စာဖတ်သူသုံးစွဲပါ..

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...