ဒီတခါတော့ အားလုံးအတွက် အပြောင်းအလဲဖြစ်သွားအောင် တင်နေကျ ဆော့(စ်)၀ဲတွေ
နေရာမှာ အနုအရွအလှအပ ဆော့(စ်)၀ဲလေးတွေ တင်မယ်စိတ်ကူးပါတယ်။ ကျနော့်
သူငယ်ချင်းများအားလုံးကို Rainmeter ဆော့(စ်)၀ဲလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ Windows
7 မှာ ပါဝင်နေကျ Gadgets တွေက လှတော့လှပါတယ်။ ဒါပေမယ့် မြင်နေကျဆိုတော့လဲ
ရိုးတာပေါ့။ အဲဒီ Gadgets တွေနေရာမှာ gadgets အလန်းလေးတွေနဲ့ ကိုယ့်စက်ရဲ့
Desktop ကို အလှဆင်ချင်တဲ့ သူငယ်ချင်းများအတွက် rainmeter ဆော့(စ်)၀ဲလေးရဲ့
အကူအညီကိုလိုပါလိမ့်မယ်။ Rainmeter ဆော့(စ်)၀ဲမရှိသေးတဲ့ သူငယ်ချင်းများ ဒီမှာ ရယူပါနော့်။ ပြီးရင် rainmeter ဆော့(စ်)၀ဲကို ကိုယ့်စက်မှာ install လုပ်ထားရပါ့မယ်ဗျာ။ အသုံးပြုပုံကိုလဲ အောက်မှာ တင်ပေးထားပါတယ်။
Start menu က Show hidden icon နှိပ်ပြီး၊ rainmeter icon ကို Right click နှိပ်ပြီး ကိုယ်လိုချင်တဲ့ skin တွေကို ရွေးချယ်ပေးရင် ရပါပြီဗျာ။
windows 8 စတိုင်လေးကို သဘောကျတဲ့ သူငယ်ချင်းများအတွက်ပါဗျာ။
Ominmo 3.1 skin for Rainmeter (34.3 MB)
Download HERE
ဒီကောင်လေးကလဲ တမျိုးလှတာပဲမဟုတ်လား။
WRMZ theme (554KB)
Download HERE
ဒါလေးလဲ လှတာပဲဗျ။ လိုချင်တဲ့ သူငယ်ချင်းများ အတွက်ပါ။
Giga 10 skin (1.8MB)
Download HERE
ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကိုတော့ အကြိုက်ဆုံးပဲ။ အလှဆုံးပဲမဟုတ်လား။
speed theme (2.9MB)
Download HERE
ပြောမယ့်သာ ပြောရတာပါ ဒီကောင်လေးကျတော့လဲ သိပ်ဆွဲဆောင်အားကောင်းတယ်။
Razor theme (2.9Mb)
Download HERE
ကဲ ဒီကောင်လေးကတော့ တကယ်ကို အတည်အခံ့လေးနော့။
Unity theme (11.6)
Download HERE
ကိုယ်စိတ်ကြိုက်ဖြစ်မယ်ကောင်လေးတွေ ဒေါင်းပြီးပြီ ဆိုရင်တော့၊
အဲဒီကောင်လေးတွေကို RAR ဖိုင်ဖြေပြီးတဲ့အခါမှာ.....C:\Program
Files\Rainmeter\Skins folder အောက်မှာ copy / past လုပ်ပြီး
ထည့်ထားလိုက်ရင် ရပါပြီ။ ကဲ သူငယ်ချင်းအားလုံး စမ်းကြည့်ကြပါဦး။ အားလုံး
အဆင်ပြေကြပါစေဗျာ။
No comments:
Post a Comment