Samsung Galaxy Series ဖုန်းတွေနဲ့
Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့
application လေးပါ။ Galaxy S နဲ့ Galaxy S2 တွေမှာသွင်းလို့ရပါတယ်။
သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုလုံးကို
download လုပ်ပါ။
ဖုန်းရဲ့ settings> applications
ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download
လုပ်ထားတဲ့ application နှစ်ခုစလုံးကို install လုပ်လိုက်ပါ။ install
လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။
အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တကယ်လို့
ဇော်ဂျီ ဖောင့် အပြင် တခြားဖောင့်တွေကိုလည်း ထပ်ထည့်ချင်တယ်ဆိုရင်တော့
Fontomizer application ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ A to Z အထိ font
နာမည်အမျိုးမျိုးနဲ့ font တွေကို direct download လုပ်လို့ရပါတယ်။ ဇော်ဂျီ
font ကိုတောင် အဲဒီထဲကနေ download လုပ်လို့ရပါတယ်။
download လုပ်လို့ရလာတဲ့ ဖိုင်လေးကို install လုပ်။ ပြီးရင် ခုနကလိုပဲ font setting ထဲကနေ font ၀င်ပြောင်းပေးလိုက်ရုံပါပဲ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)
No comments:
Post a Comment