ဒီ Post ကို MMAP မှာလဲ တင်ထားပေးတာတွေ့နိုင်ပါတယ်။ ဒီ Post ကိုရေးတာတော့ ကျွန်တော် MMAP မှာ မရှိတဲ့ အချိန်တုန်းက ရေးထားတာပါ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ SII ကို Root လုပ်ပေးတုန်းက သိလာတဲ့ Knowledge ကို ပြန်ပြီး Share လုပ်ပေးတာပါ။ Hands-on ဖြစ်တဲ့ အတွက် ၈၀% လောက်တော့ စိတ်ချရမှာပါ။ ဒါပေမယ့် ကျွန်တော် ပြောနေကျအတိုင်းပဲ *DO AT YOUR OWN RISK* လို့တော့ ပြောပါရစေ။ ကဲ... စလိုက်ရအောင်။
ပထမအဆင့် (SII တွင် ပြုလုပ်ရန်)
- စက်ပိတ်ပါ။
- စက်ကို (VOL DOWN+HOME+POWER BUTTON) နှိပ်ပြီး ပြန်ဖွင့်ပါ။
- Custom Rom... နေရာရောက်ပါက Vol Up ကို တစ်ချက်နှိပ်လိုက်ပါ။
- Downloading ဟု မြင်ပါလိမ့်မယ်။
ဒုတိယအဆင့် (Windows တွင် ပြုလုပ်ရန်)
- Odin3.exe ကိုဖွင့်ပါ။
- SII နှင့် PC ကို ချိတ်ပါ။ (Original USB Cable နဲ့သာ ချိတ်ပါ။)
- အ၀ါရောင်စာများကို မြင်ရပါက PDA ကိုနှိပ်ပြီး superatmos_v3.0_XXLA1.tar ကို ရွေးပေးပါ။ (Re-Partition ကို အမှန်မခြစ်ထားမိစေရန် သတိပြုပေးပါ။)
- Start ကို နှိပ်ပေးပါ။
- SII Reboot ကျသွားပါလိမ့်မယ်။
- ပြန်ပေါ်လာပါက SuperUser ကိုလိုက်ရှာပါ။ တွေ့ရင် Rooted ဖြစ်သွားပါပြီ။
*ဒုတိယ အပိုင်းရဲ့ အဆင့်(၃) နေရာမှာ Ice-Cream Sandwich ကို သုံးချင်တယ်ဆိုရင်တော့ CF-Root-SGS2_XX_XEO_LPQ-v5.3-CWM5 (ANDROID 4) ဆိုတာကို ရွေးပေးပါ။ အဲဒါက ကျွန်တော် MMAP ကနေ ရလာတာပါ။ အဆင်ပြေမယ်လို့တော့ ထင်ပါတယ်။ ကျွန်တော်တော့ မစမ်းရသေးပါဘူး။
No comments:
Post a Comment