Thursday, August 9, 2012

Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်


ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊   ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. 

ကျွန်တော် တို့ Vistalizator   ဆိုတဲ့ ကောင်လေးကို သုံးပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ် .. Vistalizator  ကို ဒီအောက်မှာ ပေးထားတဲ့ ဆိုဒ်လေးမှာ သွားပြီးတော့ လည်း ဒေါင်းလော့ ချနိုင်ပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာလည်း တင်ပေးထားတာ ရှိပါတယ် .. 

Vistalizor လေးကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Language Pack ချိန်းချင်တဲ့ Language အတွက် Language Pack ကို Windows 7 SP 1 အတွက် ဒီအောက်ကလင့်မှာ တင်ပေးထားပါတယ် .. သွားပြီးတော့ ဒေါင်းလော့ချလိုက်ပါ .. ဒေါင်းလော့ချတဲ့ အခါမှာ မိမိတို့ရဲ့ Windows Version အလိုက် 32 Bits နဲ့ 64 Bits ဆိုပြီး ခွဲတင်ပေးထားတာ ဖြစ်ပါတယ် .. မိမိတို့ အသုံးပြုနေတဲ့ Windows Version အောက်မှာ တင်ပေးထားတဲ့ Language Pack ကို ဒေါင်းလော့ ချလိုက်ပါ  ..
ကျွန်တော် အောက်မှာတော့  Windows 7 English Language Pack ( 64 Bits ) ကိုတင်ပေးထားပါတယ်  .. 
Vistalizator  ရော Language Pack ရော ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ Language Pack စပြီးချိန်း ကြရအောင်ဗျာ .. ဒီအဆင့်မှာ အများစု ကြုံရတာလေး တစ်ခုကို ပြောပြ ချင်ပါတယ် .. Vistalizator   ကို ဖွင့်လိုက်တဲ့ အခါမှာ အောက်က ပုံမှာ ပြထားသလို Error Code လေး တက်လာတာကို ကြုံဖူးတဲ့ သူများ ရှိပါလိမ့်မယ် .. 
 
အပေါ်က ပြထားတဲ့ Error   မျိုး ကြုံလာရပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း Vistalizator  ကို  Compatiblity မှာ  အမြင့်ဆုံး OS ကို ပြောင်းပေးလိုက်ပါ .. မိမိတို့စက်မှာ Windows 7 ကအမြင့်ဆုံး ဆိုရင် Windows 7 ကိုပြောင်းလိုက်ပါ .. ပြီးရင်တော့  Apply >> OK ပေးလိုက်ယုံပါပဲ .. 
အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပြီးသွားလို့ Error မတက်တော့ ဘူးဆိုရင်  Vistalizator  ကို Run လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ ချိန်းချင်တဲ့  Language Pack ကိုယူလိုက်ပါ ..
 အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း  Add Languages  မှတစ်ဆင့် မိမိတို့  အသုံးပြုချင်တဲ့  Language  Patch  File  ကိုရွေးချယ်လိုက်ပါ .. ဒါဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Run နေပါလိမ့်မယ် .. ခဏ စောင့်ပေးလိုက်ပါ ..
အပ်ါက အဆင့်တွေ အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မယ် ..  အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့  မိမိတို့ ပြောင်းချင်တဲ့ Language Pack File ကို  Double Click ပေးလိုက်ပါ   
ဒါဆိုရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  Waring Box လေး ပေါ်လာပါလိမ့်မယ် .. OK ပေးလိုက်ပါ .. ပြီးရင်တော့ မိမိတို့ အသုံးပြုချင်တဲ့  Language Pack  File ကို စတင်ပြီး  Install လုပ်နေပါလိမ့်မယ် ..
အပေါ်က အဆင့်အတိုင်း ပေါ်လာပြီးလို့  OK  ပေးပြီးသွားပြီ ဆိုရင်တော့ အောက်ပုံမှာ ပြထားတဲ့အတိုင်း  Change Language  ကိုနှိပ်ပြီး  မိမိတို့ အသုံးပြုချင်တဲ့  Language Pack ကို ချိန်းပေးလိုက်ပါ ..
အပေါ်က ပေါ်မှာ ပြထားတဲ့ အတိုင်း  Information Box လေးပေါ်လာပြီ ဆိုရင်တော့ OK ပေးလိုက်ပြီး အောက်မှာ ပြထားတဲ့ အတိုင်း  Vistalizator လေးကို  Exit ပေးလိုက်ပါ .. 
အောက်ကပုံအတိုင်း  Confirm Box လေးပေါ်လာပြီ ဆိုရင်တော့ Yes  ကိုပေးလိုက်ပါ .. ဒါဆိုရင်  Restart ကျသွားပါလိမ့်မယ် .. Windows ပြန်တက်လာပြီ ဆိုရင်တော့ မိမိတို့  Windows က Language Pack ချိန်းပြီးသွားတာ တွေ့ရပါလိမ့်မယ် .. 
ဒီလောက် ဆိုရင်တော့ အားလုံးပဲ  Windows 7 SP 1 မှာ  Language Pack ချိန်းတက်သွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF FILE ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..
 အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
 

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...