Thursday, August 9, 2012

Portable Software လေးတွေဖန်တီးချင်သူများအတွက် - P-Apps Marker v1.0



ဒီနေ့တော့ Install ဆွဲထည့်ရတဲ့ ဆော့ဝဲလ်လေးတွေကို Portable ဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါတယ်..။ ဒီလုပ်နည်းကို ကိုကံလင်းက ကျန်ခဲ့တဲ့လက တောင်းထားပါတယ်..။ ကျနော့်မှာလည်း အဆင်သင့်မရှိတဲ့ ဆော့ဝဲလ်ဖြစ်နေတော့ ချက်ချင်းမတင်ပေးနိုင်တာ နားလည်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ..။ ကျနော်ရထားတာ ၂ရက်လောက်ပဲရှိပါသေးတယ်..။ ဒီကောင်လေးကို အသုံးပြုပုံပါစမ်းနေရလို့ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ သုံးရတာ အဆင်ပြေပါတယ်..။ Full Version လေးပါ..။ ဘာကီးမှ ထည့်ပေးဖို့ မလိုပါဘူး..။ အောက်မှာ အသုံးပြုပုံကို နားလည်လွယ်အောင်လို့ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ အရင်ဆုံး ဒီကောင်လေးကို ဒေါင်းယူပြီးရင် ၂ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ ကျန်တာတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ.. အရင်ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4 MB ပဲရှိပါတယ်..






ဒီကောင်လေးကို ၂ချက်တောက်ဖွင့်လိုက်ရင် အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။ မျှားပြထားတဲ့ နေရာကို ကလစ်လိုက်ပါ..


နောက်တဆင့်မှာတော့ အောက်ပုံအတိုင်းပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ..။ ၁၀ မိနစ်နဲ့ ၁၅ မိနစ်လောက် ကြာပါလိမ့်မယ်..။


အောက်ပုံအတိုင်း Install Your Application ဆိုတဲ့ စာသားပေါ်လာရင်တော့ မိမိတို့ Portable လုပ်ချင်တဲ့ ဆော့ဝဲလ်ကို မိမိတို့ ကွန်ပျူတာထဲသို့ Install ဆွဲထည့်ပေးပါ..။ (မှတ်ချက်။  ။၎င်းဆော့ဝဲလ်သည် မိမိတို့ ကွန်ပျူတာထဲတွင် Install မလုပ်ရသေးသော ဆော့ဝဲလ်ဖြစ်ရမည်..။ စက်ထဲမှာရှိနေပါက Uninstall ဖြင့်ပြန်ထုတ်ပစ်လိုက်ပြီးမှ Portable ပြုလုပ်ပါရန်...) ဒီမှာတော့ ကျနော်က ပေါ့ပါးပြီးမြန်တဲ့ Gtalk ကို Install ဆွဲထည့်ပြီး လုပ်ပြထားပါတယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..


ဆော့ဝဲလ်ကို Install ဆွဲပြီးလို့ အပေါ်ပုံအတိုင်း Next ကိုနှိပ်လိုက်ရင် အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်... 



နောက်တဆင့်မှာတော့ အောက်ကပုံ အတိုင်းမြင်ရပါပြီ..


အောက်ကပုံကတော့ မိမိတို့ သိမ်းမယ့်နေရာကို Browse ကနေသွားရွေးပေးလိုက်ပါ.. ကျနော်ကတော့ Desktop ကိုရွေးပေးလိုက်တယ်..။ ရှာရလွယ်အောင်လို့ပါ..



အပေါ်ပုံတွေအတိုင်း အဆင့်ဆင့် နှိပ်ပေးပြီးရင် အောက်ဆုံးမှာတော့ Finish ပေါ်လာပါပြီ..။ ကလစ်ပေးလိုက်ပါ..။


ဒါဆိုရင် မိမိတို့ ပြုလုပ်လိုက်တဲ့ Portable လေးက  Desktop ပေါ်ရောက်လာပါပြီ.. အောက်က ပုံအတိုင်း မြင်ရပါလိမ့်မယ်..

 

 ဒီလောက်ဆိုရင်တော့ Portable လေးတွေ ဖန်တီးတတ်လောက်ပြီလို့ ထင်ပါတယ်..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...